Tuesday, July 07, 2009

ဖျာပုံမြို့သား ဆရာဇော်ဂျီ ၏ ကဗျာတစ်ပှဒ်ပါ

"ဂုဏ်အလှ "

ငါညီပြောင်ဝင်း၊မောင်သစ်ဆင်း

မင်း၏သားငယ်၊သက်နှစ်ဆယ်သည်

ဘယ်ဂုဏ်မျိုးကို၊ကြိုက်သနည်း

ရွှေဂုဏ်၊ ငွေဂုဏ်၊ ရာထူးဂုဏ်သည်

လူဘုံလောက၊ အကာမျှတည်

သူကငြူစူ၊ မကြည်ဖြူ၍

ခွာယူလိုကခွာ၍ရ

ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်

လူဘုံလောက၊ နှစ်သာရတည်

သူကငြူစူ၊ မကြည်ဖြူလည်း

ခွာယူ၍မရ၊ ကွာမကျ။ ။

No comments: