Showing posts with label မှတ်တမ်း. Show all posts
Showing posts with label မှတ်တမ်း. Show all posts

Thursday, July 02, 2009

ထင်ပေါ်ကျော်ကြား တို့မြို့သား .................


၁။ ဦးချန်ထွန်း (၁၉၀၆-၁၉၈၈)

နိုင်ငံတော်ရှေ့နေချုပ်၊ နိုင်ငံတော်တရားလွှတ်တော်ချုပ်တရားဝန်ကြီး

သတိုးမဟာသရေစည်သူဘွဲ့


၂။ ဗိုလ်လင်္ကျာ

ရဲဘော်သုံးကျိပ်ဝင်၊ ၁၉၄၇ -ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး

ဒုတိယ၀န်ကြီးချုပ်၊ လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့်၊ သတိုးမဟာ

သီရိသုဓမ္ဓဘွဲ့


၃။ ဗိုလ်မှူးချုပ်မောင်မောင်ကျော်ဝင်း (၁၉၀၉-၁၉၈၂)

စစ်ရေးချုပ်၊ ပြည်သူတရားသူကြီးအဖွဲ့ဥက္ကဌ၊ ပြည်သူအကျိုးဆောင်

အဖွဲ့ဥက္ကဌ၊ နိုင်ငံဂုဏ်ရည်ဘွဲ့ ပထမအဆင့်၊ လွတ်လပ်ရေးမော်ကွန်း

ဝင် ဒုတိယဆင့်


၎။ ဗိုလ်မှူးကြီးလှဟန်(ငြိမ်း) ဒေါက်တာလှဟန်

တော်လှန်ရေးကောင်စီဝင်၊ နိုင်ငံတော်ကောင်စီဝင်၊ စည်သူဘွဲ့ရှင်၊

ကျန်းမာရေးဝန်ကြီး၊ နိုင်ငံဂုဏ်ရည်ဘွဲ့ ပထမဆင့်၊လွတ်လပ်ရေးမော်

ကွန်းဝင် ပထမဆင့်


၅။ ဗိုလ်မှူးကြီးဘနီ (ကွယ်လွန်)

တော်လှန်ရေးအစိုးရအဖွဲ့ဝင်ဝန်ကြီး၊ သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်း

ဆက်သွယ်ရေးဌာန၀န်ကြီး၊ ချက်ကိုစလိုဗက်ကီးယားနိုင်ငံဆိုင်ရာမြန်မာ

သံအမတ်ကြီး၊ သိရီပျံချီဘွဲ့၊ လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့်

နိုင်ငံဂုဏ်ရည်ဘွဲ့ ပထမဆင့်


၆။ ဒေါက်တာလှရွှေ (ကွယ်လွန်)

ဗိုလ်လင်္ကျာ၏ညီ၊ M.B.B.S ဘွဲ့၊၁၉၃၈ တတိယအကြိမ်ကျောင်းသား

သဗိတ် တကသ ဒုဥက္ကဌ


ရ။ ဦးလှသောင်း (၁၉၁၇-၁၉၉၇)

၁၉၅၆ ဖျာပုံတောင်ပိုင်းပြည်သူလွှတ်တော်အမတ်၊ နိုင်ငံဂုဏ်ရည်ဘွဲ့

ဒုတိယဆင့်၊ လွတ်လပ်ရေးမော်ကွန်းဝင် တတိယဆင့်


၈။ ဦးတင်ညွှန့် (၁၉၁၈-၁၉၈၇)

အလုပ်သမားဌာန၀န်ကြီး၊ နိုင်ငံဂုဏ်ရည်ဘွဲ့ ပထမဆင့်၊ လွတ်လပ်ရေး

မော်ကွန်းဝင်ဒုတိယဆင့်


၉။ လေထီးဦးအုန်းမောင် (၁၉၁၉-၂၀၀၀)

ကန္ဒီစစ်ပညာ (လေထီး) သင်တန်းကျောင်းဆင်း၊ နိုင်ငံဂုဏ်ရည်

ဒုတိယဆင့်


၁၀။ ဦးကိုကိုကြီး

ဖျာပုံခရိုင်ကျောင်းသားခေါင်းဆောင်၊ လွတ်လပ်ရေးဂုဏ်ထူးဆောင်လက်မှတ်၊

လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့်


၁၁။ ဦးညွှန်ဝေ

ကန္ဒီစစ်ပညာ(လေထီး)သင်တန်းကျောင်းဆင်း၊နိုင်ငံဂုဏ်ရည်ဘွဲ့

ဒုတိယဆင့်၊ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့်


၁၂။ ဗိုလ်မှူးချုပ်တင့်ဆွေ (ငြိမ်း)

အရှေ့တောင်စစ်ဌာနချုပ်တိုင်းမှူး၊ စက်မှုဝန်ကြီး


၁၃။ ဦးမြသန်း(ခ)ဗိုလ်ထွန်းညို

ဖတ်ဆစ်တော်လှန်ရေးနာမည်ကျော် “ကဇောင်းတိုက်ပွဲ” တွင်

ပါဝင်ဆင်နွှဲခဲ့သူ၊ နိုင်ငံဂုဏ်ရည်ဘွဲ့ ဒုတယဆင်၊ လွတ်လပ်ရေး

မော်ကွန်းဝင် ပထမဆင့်


၁၄။ ဦးသန်ဇင်

ပြည်သူတရားသူကြီးအဖွဲ့ဝင်


၁၅။ ဦးသိန်းဖေ(အောင်ပင်လယ်)(ကွယ်လွန်)

ဝဏ္ဏကျော်ထင်ဘွဲ့


၁၆။ ဦးမောင်မောင်သန်း

လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့်


၁၇။ ဦးထွန်းကြိုင်(ဆေးတပ်ကြပ်ကြီး)

ဖတ်ဆစ်တော်လှန်ရေးနာမည်ကျော် “ကဇောင်းတိုက်ပွဲ” တွင်

ပါဝင်ဆင်နွှဲခဲ့သူ၊ လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့်


၁၈။ တပ်ကြပ်ကြီးဇော်ဝင်း

လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့်


၁၉။ ဗိုလ်ကြီးဗဟိန်း(ဗိုလ်မိုးနက်)

နိုင်ငံဂုဏ်ရည်ဘွဲ့ ပထမဆင

့်

၂၀။ ဒေါ်ခင်ခင်ကြည်

ဗာမာတပ်မတော် အမျိုးသမီးတပ်ဖွဲ့ခေါင်းဆောင် နိုင်ငံဂုဏ်ရည်

ဒုတိယဆင့်၊ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတယဆင့်


၂၁။ ဒေါ်တင်တင်အုန်း

လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့်


စာပေ ပညာရှင်များ .......


၁။ ဦးသိန်းဟန် (ဆရာဇော်ဂျီ) အမျိုးသားစာပေဆု

၂။ ဦးသန်းထွတ် (ဆရာတိုက်စိုး) အမျိုးသားစာပေဆု

၃။ ဦးမြလှိုင် (မြလှိုင်) အမျိုးသားစာပေဆု

၎။ ဒေါ်ခင်ခင်ဝင်း (ကလျာ ၀ိဇ္ဖာ/သိပ္ပံ) စာရေးဆရာမကြီး

၅။ ဦးခင်မောင်ထွန်း (မောင်ဗိုလ်မွှေး) အမျိုးသားစာပေဆု

၆။ ဦးလှစိန် (ဖျာပုံလှမိုးနွယ်) အမျိုးသားစာပေဆု

၇။ ဦးသန်းညွန် (ဇင်မင်း-သမိန်ထော) အမျိုးသားစာပေဆု

၈။ ဦးဌေးအောင် (မောင်သုန်) အမျိုးသားစာပေဆု

၉။ ဦးဘိုးငွေ တန်းမြင့်ကဗျာ စာအုပ်ပြုစုသူ

၁၀။ ဦးချစ်လှိုင် (မြ၀တီရဲခေါင်) စာရေးဆရာ

၁၁။ ဦးလှကြည် (ရှေ့သို့လှကြည်) စာရေးဆရာ

၁၂။ ဦးစိုး (ဖျာပုံစိုး) စာရေးဆရာ

၁၃။ ဒေါ်စောမဉ္ဇူ (စောမဉ္ဇူ/ဖျာပုံ) စာပေဗိမာန်ဆု

၁၄။ ဦးလှိုင်ကြွယ် (ကာတွန်းမောင်ဝဏ္ဏ) သမိန်ပေါသွပ်ကာတွန်း

၁၅။ ဦးစန်းမြင့် (မောင်မြင့်မြတ်) မဂ္ဂဇင်းအယ်ဒီတာ/ကဗျာဆရာ

၁၆။ မောင်ကြည်ဆွေ ကဗျာဆရာ

၁၇။ ဦးတင်လှိုင် (ဖျာပုံမောင်လွမ်းသိမ့်) ကဗျာဆရာ

၁၈။ ဦးဆွေနွယ် (ဖျာပုံမောင်ဆွေနွယ်) ကဗျာဆရာ(နံသာမိုး)

၁၉။ ဦးအောင်မြင့် (ဖျာပုံမောင်ဆွေယဉ်) ကဗျာဆရာ

၂၀။ ဦးငွေလှိုင် (ငွေလှိုင်-သမိန်ထော) ကဗျာဆရာ

၂၁။ ဦးစိန်ဝင်း (၀င်းသူရ) ကဗျာဆရာ/အယ်ဒီတာ

၂၂။ ဦးကျော်မြင့် (မောင်ယဉ်မိုး/ဖျာပုံ) ကဗျာ၊ ၀တ္ထု၊ ဘာသာပြန်ဆရာ

၂၃။ ဦးလှအောင် (မောင်သဲခေါင်) ကဗျာဆရာ

၂၄။ ဦးလှမျိုး (ရဲဘော်-လှမျိုး) စာရေးဆရာ

၂၅။ ဒေါ်သိန်းသိန်းအေး (တက္ကသိုလ်နွယ်သဇင်) စာရေးဆရာ၊ ကဗျာဆရာမ

၂၆။ ဦးသောင်းညွန့် (သတင်းထောက်သောင်းညွန့်) စာပေဗိမာန်ဆု

၂၇။ ဦးမြင့်အောင် (ဖိုးအောင်လေး) စာပေဗိမာန်ဆု

၂၈။ ဒေါ်အေးအေးစိုး (အေးအေးစိုး-ဖျာပုံ) စာပေဗိမာန်ဆု



ဆက်လက်ရေးသားပါအုံးမယ်ခင်ဗျာ.........
တောင်းပန်အပ်ပါတယ်
ကျနော် အင်တာနက်ကော်နရှင် မကောင်းသောကြောင့် ပြီးဆုံးအောင် မရေးသားနိုင်တာကို ခွင့်လွှတ်ပေးပါ ခင်ဗျာ..........

Wednesday, July 01, 2009

မြို့နယ်မြေပုံပါ

ဖျာပုံမြို့နယ်ရဲ့မြေပုံ ပါ ၊ အမာမြို့နယ်ခွဲအပါဝင် ဖြစ်ပါတယ်။

Monday, June 22, 2009

ဖျာပုံမြို့ကိုလာမယ်ဆိုရင်

ဖျာပုံမြို့ ကိုလာမယ်ဆိုရင်တော့ ဒါလေးဖတ်လိုက်ပါ။ ကုန်းလမ်း ခရီးဖြစ်ပါသည်။

ဖျာပုံ / ဒလ လကားလမ်း ၅၉ မိုင်ကွာဝေးပြီး ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ ကောမှူးမြို့နယ်များအားဖြတ်သန်းသွားရပါသည်။

ဖျာပုံ / ရန်ကုန် ကားလမ်း ၈၅ မိုင်ကွာဝေးပြီး ကျိုက်လတ်၊ မအူပင်၊ ဆားမလောက်၊ လှိုင်သာယာမြို့နယ်များအားဖြတ် သန်းသွားရပါသည်။

ဖျာပုံမြို့မှ သွားရောက်နိုင်သော မြို့ နှင့် ရွာများ

ဖျာပုံ / ကျိုက်လတ်မြို့ ၁၁ မိုင် ကွာဝေးပါသည်။
ဖျာပုံ / ဘိုကလေးမြို့ ၂၀ မိုင် ကွာဝေးပါသည်။
ဖျာပုံ / ဒေးဒရဲမြို့ ၁၆ မိုင် ၃ ဖာလုံ ကွာဝေးပါသည်။
ဖျာပုံ / ကျုံကဒွန်းကျေးရွာ ၁၅ မိုင် ၉ ဖာလုံ ကွာဝေးပါသည်။
ဖျာပုံ / ဆိပ်မကျေးရွာ ၃၅ မိုင် ကွာဝေးပါသည်။

ဖျာပုံ / ဒလ ကားလမ်း
၅၉ မိုင်ကွာဝေး၍ ကိုယ်ပိုင်ယာဉ်ဖြင့်သွားလာပါက (၂း၃၀)နာရီခန့်ကြာမြင့်ကာ ခရီးသည်ယာဉ်ဖြင့်သွားလာပါက (၄)နာရီခန့်ကြာမြင့်မည်ဖြစ်ပါတယ်။ လမ်းအမျိုးအစားကတော့ ကတ္တရာလမ်းဖြစ်ပြီးအကျယ် (၁၅)ပေ ခန့်ကျယ်ပါတယ် ဖျာပုံတံတား နှင့် ဒေးဒရဲ တံတား နှစ်စင်းအားဖြတ်သန်းသွားရမှာဖြစ်ပါတယ်။ ခရီးသည်ယာဉ်နှစ်မျိုးရှိပါတယ် (ကက)ခရီး သည်ယာဉ် နှင့် (ဘီအမ်-မီနီဘက်(စ်)ကား) လိုင်းတို့မှ နေစဉ် မနက် (၅း၃၀)မှ ညနေ (၅)နာရီအထိ နေစဉ်ပြေးဆွဲလျှက် ရှိပါသည်။

ဖျာပုံ / ရန်ကုန် ကားလမ်း
၈၅ မိုင်ကွာဝေး၍ ကိုယ်ပိုင်ယာဉ်ဖြင့်သွားလာပါက(၃း၃၀)နာရီခန့်ကြာမြင့်ပြီး ခရီးသည်ယာဉ်သွားပါက(၄း၃၀)ခန့် ကြာမြင့်ပါသည်။ လမ်းအမျိုးအစားမှာ ကတ္တရာလမ်းဖြစ်ပြီး အကျယ်မှာ(၁၈)ခန့်ကျယ်ပါသည်။ရန်ကုန်မြို့ လှိုင်သာယာ အဝေးပြေးကားကွင်း မှ သမာဓိ မော်တော်ယာဉ်ကားဂိတ်မှ သမာဓီ နံမည်ဖြင့် (အိပ်စပရက်(စ်) )လေအိပ်ကားကြီးများဖြင့် နေစဉ် နံနက်(၅း၃၀) မှညနေ(၄း၀၀) အထိပုံမှန်ပြေးဆွဲလျှက်ရှိပါသည်။

ဖျာပုံ / ကျိုက်လတ် ကားလမ်း
၁၁ မိုင်ကွာဝေး၍ ကိုယ်ပိုင်ယာဉ်ဖြင့်သွားပါက (၃၀)မိနစ်သာကြာပါသည်။လမ်းအမျိုးအစားမှာ ကတ္တရာလမ်းဖြစ် ပြီးအကျယ် (၁၈)ပေခန့်ရှိပါသည်။ ဖျာပုံ အဝေးပြေးဝန်းမှ နေစဉ်(ဒိုင်နာ) ကားများဖြင့်ခရီးသည်များအားပိုဆောင်ပေး လျှက်ရှိပါသည်။

ဖျာပုံ / ဘိုကလေး ကားလမ်း
၂၀ မိုင်ကွာသေး၍ ကိုယ်ပိုင်ယာဉ်ဖြင့်သွားပါက(၁း၃၀)နာရီခန့်ကြာမြင့်ပြီး ခရီးသည်ယာဉ်ဖြင့်သွာပါက(၂း၃၀) နာရီခန့်ကြာပါသည်။ လမ်းအမျိုးအစားမှာ ကျောက်ခင်းလမ်းဖြစ်ပြီး လမ်းအကျယ်(၁၅)ပေခန့်ကျယ်ပါသည်။ ဖျာပုံ အဝေး၀န်းမှ နေစဉ်ခရီးသည်များအား (ဒိုင်နာ)နှင့်(မီနီဘတ်)ကားများဖြင့်ပိုဆောင်ပေးလျှက်ရှိပါသည်။

ဖျာပုံ / ဒေးဒရဲ ကားလမ်း
၁၈ မိုင် ၃ ဖာလုံကွာဝေး၍ ကိုယ်ပိုင်ယာဉ်ဖြင့်သွားပါက(၄၅)မိနစ်ခန့်ကြာပြီး ခရီးသည်ယာဉ်ဖြင့်သွားပါက (၁)နာရီခန့်ကြာပါသည်။လမ်းအအမျိုးအစားမှာ ကတ္တရာလမ်းအမျိုးအစားဖြစ်ပြီး နေစဉ် (ကက+ဂျစ်ကား)ကား များဖြင့်ခရီးသည်များအားပိုဆောင်ပေးလျှက်ရှိပါသည်။

ဖျာပုံ / ကျုံကဒွန်း ကားလမ်း
၁၅ မိုင် ၃ ဖာလုံကွာဝေး၍ ကိုယ်ပ်ုင်ယာဉ်ဖြင့်သွားပါက(၄၅)မီနစ်ခန့်ကြာမြင့်ပြီး ခရီးသည်ယာဉ်ဖြင့်သွားပါက (၁း၃၀)ခန့်ကြာမြင့်ပါသည်။ လမ်းအမျိုးအစားမှာ ကတ္တရာနှင့်ကျောက်ခင်းလမ်းမျိုးဖြစ်ပါသည်။ဖျာပုံ (၁၈)ရပ်ကွက် ကားဂိတ်မှ နေစဉ်နံနက် (၅း၀၀)နာရီမှ (၃း၀၀)နာရီအထိ (ဂျစ်ကား+ဒိုင်နာ)ကားများဖြင့်ခရီးသည်များအားပိုဆောင် ပေးလျှက်ရှိပါသည်။

ဒါကတော့ ရေးလမ်း ခရီးဖြစ်ပါတယ်။


ဖျာပုံ / ရန်ကုန် ခရီးစဉ်


၆၄ မိုင်ကွားဝေး၍ နံနက် (၁၁း၀၀)နာရီနှင့် ည(၇း၀၀)နာရီချိန်တို့တွင် ရေကြောင်းပိုဆောင်ရေးဌာနပိုင် ၃ထပ်သင်္ဘော (၂)စီးဖြင့် ကုန်များနှင့်ခရီးသည်များပါပိုဆောင်ပေးလျှက်ရှိပါသည်။ သင်္ဘောအထက်တန်းအခန်း များတွင် (air-con)များတပ်ဆင်ထားပြီး (၂)ယောက်အိပ်ခန်းများ ဖြစ်ပါတယ်။သင်္ဘောစီးချိန်ဟာ (၉း၀၀)ခန့်ကြာ ပါတယ်။ ပုဂ္ဂလိက ပိုင်သင်္ဘော တနေလျှင်(၂)စီးဖြင့်လည်း ဆန်နှင့်အခြားကုန်ပစ္စည်းများ၊ခရီးသည်များအား ပိုဆောင် ပေးလျှက်ရှိပါတယ်။


ဖျာပုံ / ပုသိမ် ခရီးစဉ်


၁၅၇ မိုင်ကွာဝေး၍ ပုဂ္ဂလိက ပိုင်သင်္ဘော (၆)စီးဖြင့် တနေ့လျှင်(၁)စီးနှုန်းပြေးဆွဲလျှက်ရှိပြီး အခြားကုန်ပစ္စည်း များနှင့် ခရီးသည်များအားပိုဆောင်ပေးလျှက်ရှိပါတယ်။ သင်္ဘောစီးချိန် ကတော့ (၂၄)နာရီကြာမြင့်ပါတယ်။





Saturday, June 20, 2009

ဖျာပုံ တံတား


အထင်ကရတစ်ခုပါ ။
ဖျာပုံမှ ဒလ (သို့) ဖျာပုံမှတွံတေး
ပန်းလှိုင်တံတားမှ
လှိုင်သာယာမှတဆင့်
ရန်ကုန် သို့ သွားရောက်နိုင်ပါတယ် ။
ဖျာပုံ တံတား ဖြစ်ပါတယ် ။
တံတားပေအရှည် - ၁၃၇၂ ပေ ၈ လက်မ
ချည်ကပ်လမ်းအပါ- ၃၉၃၂ ပေ
ယာဉ်သွားလမ်းအကျယ် - ၄၀ ပေ
လူသွားလမ်းအကျယ် တဘတ်လျှင် - ၆ ပေ
ရေလမ်းကင်းလွတ်အကျယ် - ၃၀၀ ပေ
စတင်ဖွင့်လှစ်ရက် - ၂၀.၃.၂၀၀၇

ဆရာဇော်ဂျီ ရာပြည်စာကြည့်တိုက်


ဖျာပုံမြို့၏ အထင်ကရ တခုဖြစ်ပါတယ်။
ဖျာပုံသား စာရေးဆရာ ဆရာဇော်ဂျီ အမှတ်တရ အထိန်းအမှတ်တခုဖြစ်ပါတယ်။
ဆရာဇော်ဂျီ ရာပြည် စာကြည်တိုက်ပါ။


ဆရာ ဇော်ဂျီ - (ဦးသိန်းဟန်) ၏သမိုင်းအကျဉ်း

၁၂ ဧပြီလ ၁၉၀၇ ခုနှစ်၌ အဖ ဦးယော၊ အမိ ဒေါ်စိန်ညွှန် တို့မှမွေးဖွားပါသည်။ ဖျာပုံမြို့ အ.ထ.က (၁) တွင်ပညာသင်ယူခဲ့ပြီး ၁၉၂၄ ခုနှစ်(၁၀)တန်းအောင်မြင်ခဲ့ပါသည်။ ၁၉၂၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာဘွဲ့ရခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်စာကြည်တိုက်မှူး၊ နိုင်ငံသမိုင်းကော်မရှင်ဥက္ကဌ၊ ကျောင်းသုံးစာအုပ်ထုတ်ဝေရးညွှန်ကြားရေးဝန်၊ ပညာရေးဌာနအထူးအရာရှိ စသည်တာဝန်များထမ်းဆောင်ခဲ့ပါသည်။ "သီရိပျံချီ" ဘွဲ့တဆိပ်ရရှိခဲပါသည်။ ၁၉၂၄ ခုနှစ်မှစ၍ ကဗျာများစတင်ရေးသားခဲ့ရာ ကွယ်လွန်ချိန်အထိ စာအုပ်ပေါင်း(၃၀)ခန့်ရေးသားခဲ့ပြီး "အမျိုးသားစာပေဆု" နှစ်ကြိမ်ရရှိခဲ့ပါသည်။ ၂၆ စတင်ဘာလ ၁၉၉၀ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါသည်။

ဆရာဇော်ဂျီ ကြေးရုပ်တု အား 2007 ခုနှစ် ဧပြီလ 8 ရက်နေ့တွင် စတင်ဖွင်လှစ်ခဲ့ပါသည်။

ကြေးရုပ်တုသည် အမြင့် 54 လက်မ x အကျယ် 33 လက်မနှင့်ကြေးပိဿချိန် 200 ရှိပြီး တန်ဘိုးငွေကျပ် 40 သိန်းကုန်ကြပါသည်။

ဆရာဇော်ဂျီရာပြည် စာကြည်တိုက် အား 2008 ခုနှစ် ဧပြီလ 5 ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

စာကြည်တိုက်၏ကုန်ကြတန်ဘိုးမှာ 267 သိန်း ပါသည်။ 2008 ဧပြီလမှ 2009 ဧပြီလအထိ စာကြည်တိုက် အသင်းဝင်ပေါင်း 800 ကျော်ခန့်ရှိပါသည်။ စာကြည်တိုက်တွင်ထားရှိသော စာအုပ်များမှာ၊

၁။ အထွေထွေ ဘာသာရပ်စာအုပ် ၄၀၃ အုပ်
၂။ ဒသနိကဗေဒ ဘာသာရပ်စာအုပ် ၄၈၀ အုပ်
၃။ ဘာသာအယူဝါဒ ဘာသာရပ်စာအုပ် ၁၁၀၆ အုပ်
၎။ လူမှုရေးသိပ္ပံ ဘာသာရပ်စာအုပ် ၅၄၈ အုပ်
၅။ ဘာသာစကား ဘာသာရပ်စာအုပ် ၁၀၂ အုပ်
၆။ ရိုးရိုးသိပ္ပံ ဘာသာရပ်စာအုပ် ၆၃ အုပ်
၇။ အသုံးချသိပ္ပံ ဘာသာရပ်စာအုပ် ၃၁၅ အုပ်
၈။ အနုပညာ ဘာသာရပ်စာအုပ် ၆၉ အုပ်
၉။ စာပေ ဘာသာရပ်စာအုပ် ၈၆၅ အုပ်
၁၀။ ပထ၀ီ၊အထ္ထုပ္ပတ္တိ၊သမိုင်း ဘာသာရပ်စာအုပ် ၇၂၅ အုပ်
၁၁။ ၀တ္ထုစာ အုပ် ၁၅၄၇ အုပ်
၁၂။ ရည်ညွှန်း စာအုပ် ၂၄၂ အုပ်

စာကြည်တိုက်တွင် 2009 မေလအထိ စာအုပ်ပေါင်း ၇၂၀၀ ကျော်ခန့်နှင့် သတင်းစာ၊ဂျာနယ်၊မဂ္ဂဇင်း မျိုးစုံအပါဝင် စာအုပ်ပေါင်း ၁၀၀၀၀ ကျော်ခန့်ရှိပါသည်။
ဆရာဇော်ဂျီ ရာပြည်စာကြည်တိုက် အား ထိန်းသိန်းစောင့်ရှောက်ရေးအဖွဲ့ ကို နာယက (၈)ဦး နှင့် ဥက္ကဌနှင့်အဖွဲ့ဝင် ပေါင်း (၁၉)ဦး ဖြင့်ဖွဲ့စည်းထားပြီး စာကြည်တိုက် ကြီးကြပ်ရေးဥပဒေအရ ဆရာဇော်ဂျီ ရာပြည်စာကြည်တိုက်ကော်မတီ ကို ဥက္ကဌ အပါအ၀င်အဖွဲ့ဝင် (၁၅)ဦး ဖြင့်ဖွဲ့စည်းထားပါသည်။

ကျနော်တို့ ဖျာပုံမြို့ရဲ ဆရာဇော်ဂျီ ရာပြည်စာကြည်တိုက် ကြီးအား…….. စည်းကမ်းစနစ်ကျနသော စံချိန်၊ စံညွှန်းမီ ပြည်သူစာကြည်တိုက်အဖြစ် တည်ထောင်ဖွင့်လှစ်ရင်း အနာဂတ်ကာလတွင် ခေတ်မှီစာကြည်တိုက်
(E – Library)အဆင့်အထိရောက်ရှိနှိုင်ရေး ကြိုးပမ်းလုပ်ဆောင်သွားပါပြီး စာကြည်တိုက်ရေရှည် တည်တံ့ရေးအတွက်လိုအပ်သော ထာဝရ ငွေပဒေသာပင်စိုက်ထူရေးနှင့် မြန်မာစာပေအမွေအနှစ်များ၊ မြန်မာရိုးရာဓလေ့ ထုံးတမ်းစဉ်လာ၊ ထိန်းသိန်းရေးနှင့်ဖွံ့ဖြိုးတိုးရေးကို အထောက်အကူပြူမည် လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားပါမည်။ စာကြည်တိုက်သို့ အလှူငွေနှင့် စာအုပ်များ
လှူဒါန်းလိုပါလျင် pyaponcity@gmail.com သိုဆက်သွယ်လှူဒါန်းနိုင်ပါသည်။

Friday, June 19, 2009

သမိုင်းဝင် လိပ်အူကုန်း ကျိုက္ကမျွမ် စေတီတော်ကြီး

ဖျာပုံမြို့၏ အထင်ကရ သမိုင်းဝင် လိပ်အူကုန်း ကျိုက္ကမျွမ် စေတီတော်ကြီးပါ။
မွန်မိဘုရားကြီး တလပရော်တမီ တည်ခဲ့ပါသည်။


ဘုရားသမိုင်းအကျဉ်းမှာ.........

တောင်ငူဘုရင်တပင်ရွှေထီးမှ ဟံသာဝတီအားတိုက်ခိုက်ခဲ့ရာဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိ၏ မိဘုရားကြီးတလပရော်တမီသည်
ဖျာပုံဒေသသို့ထွက်ပြေးတိမ်းရှောင်ခဲ့စဉ် ဖျာပုံဒေသ၌ယာယီနန်းဆောက်လုပ်၍ လူသူလက် နက်၊ ရိက္ခာများစုဆောင်းခဲ့စဉ် မြန်မာသက္ကရာဇ်(၉၀၀)ပြည်နှစ်၊ တန်ခူးလတွင် ကျိုက္ကမျွမ်စေတီတော်အား စတင် တည်ထားကိုးကွယ်ခဲ့ကြောင်း
စေတီတော်ကြီး၏ ဌာပနာတိုက်တွင် မိဘုရားကြီးကိုးကွယ်သည့်ဓါတ်တော်များ၊
မင်းမှူထမ်းများ၏ နားဍောင်း၊ ဆံထိုး၊ ဘယက် စသည်ရတနာများထည်သွင်းတည်ထားခဲ့ပါသည်။ စေတီတော်တည်ထားပြီး ဘွဲတော်ကဗျည်းတင်ခဲ့ရာတွင် မွန်ဘာသာဖြင့် (ကျိုက္ကမျွမ်) မြန်မာဘာသာအားဖြင် (သက်လွက်ချမ်းသာ) စေတီဟုခေါ်ဝေါ်သတ်မှတ်ခဲ့ပါသည်။ ဖျာပုံမြို့ (၁၈)ရပ်ကွက်တွင် တည်ရှိပါသည်။့

Thursday, June 11, 2009

ဖျာပုံမြို့ ခေါ်ရခြင်း သမိုင်းကြောင်း

ထမင်းဈေးမှ ဧရာရွှေဖျာသို့

မြန်မာပြည်ရဲ့ စပါးကျီ ဧရာဝတီ၊ ဧရာဝတီရဲ့စပါးကျီသည် ဖျာပုံမြို့ရယ်လို့ ထင်ရှားကျော်ကြားလာမည့် လွန်ခဲ့တဲ့နှစ်ပေါင်း (၄၆၅) နှစ်ခန့်က ခရီးသည်ပေါင်းမြောက်များစွာ ထမင်းစားကြရသော စခန်းဌာနမှ မွန်ဘာသာဖြင့် (ဖျာပုင်) ထမင်းဈေး မှတ်တမ်းကို စိတ်ဝင်စားသူ လူငယ်များ သိရှိစေလိုသော ဆန္ဒမွန်ဖြင့် ရေးသားလိုက်ရပါသည်။
ဖျာပုံမြို့သည် ဧရာဝတီမြစ်၏ အနောက်ဖက်၊ ဧရာဝတီ (ဖျာပုံမြစ်) နှင့် အပြောင်ကျေးရွာ၊ ချောင်းတွင်းရွာ၊ အောက်ကွင်းကြီးရွာစသော နယ်နမိတ် (၄) ရပ်အတွင်း၌ တည်ရှိပါသည်။
မွန်ဘာသာဖြင့် (ဖျာပုင်) ဟု အသံထွက်ရပါသည်။ “ဖျာ” မှာ “ဈေး” ဖြစ်ပြီး “ပုင်” မှာ “ထမင်း” ဖြစ်သည်။ ထို့ကြောင့် (ဖျာပုင်) သည် ထမင်းဈေးဟု အဓိပ္ပါယ်ရလေသည်။ ဖျာပုင်ဟူသော အမည်ပညတ်မှာ ဟံသာဝတီပြည်၊ တပင်ရွှေထီး အရေးတော်ပုံ ခေတ်ကပင် ခေါ်ဝေါ်သုံးစွဲနေကြပေသည်။
အများအားဖြင့် ပြောလေ့ရှိသည်မှာ ထမင်းဆိုင်များရှိ၍ ထမင်းဈေးဟုခေါ်သည်မှာ မမှန်ပါ။ “ဖျာပုံ” ဟုအမည်ဖြစ်ပေါ်ချိန်က ထမင်းဆိုင်မရှိခဲ့ပါ။ တောကြီးများနှင့် ငါးရှာခြင်း၊ လယ်လုပ်ခြင်း စသည်ဖြင့် လူနေတဲအိမ် တစ်တဲ၊ နှစ်တဲစသည်ဖြင့် နေခဲ့ကြပါသည်။
ထိုစဉ်က လူနေစည်ကားသော နေရာမဟုတ်ဘဲ ရွာဟူ၍ပင် မဖြစ်ပေါ်သေးပါ။ ယခု အပြောင်ရွာတည်နေသော ချောင်းဝကစ၍ အနောက်ဖက်သို့ ချောင်းတစ်ခုစီးဝင်နေသည်။ ထိုနေရာကို ဖျာပုင်စွဲ၍ ဖျာပုင်ချောင်းဟုလည်း ခေါ်သည်။ စင်စစ်မှာမူ ထိုချောင်း၏အ၀ (ချောင်းဝစခန်း) ကိုသာ ဖျာပုင်ဟု ခေါ်ကြခြင်းဖြစ်လေသည်။
ဖျာပုံချောင်းတွင်းသို့သွားလိုသော ခရီးသည်များသည် ရေကျစဉ် ချောင်းဝသို့ရောက်၍ ရေတက်မှ ချောင်းတွင်းသို့ ၀င်ရန် ရေစောင့်နေရလေသည်။ မြစ်ရိုးအထက်ပိုင်းသို့ သွားလိုသော ချောင်းအတွင်းရွာများမှ ခရီးသည်တို့သည် ရေကျချိန် ချောင်းဝသို့ထွက်ခဲ့၍ ရေတက်မှအထက်သို့သွားရန် ရေစောင့်နေရလေသည်။ ထိုရေစောင့်သော ခရီးသည်များသည် (ချောင်းဝစခန်း) မှပင် ပါလာသောထမင်းများကို စားကြသောက်ကြရသဖြင့် ခရီးသည်ပေါင်းမြောက်များစွာ ထမင်းစာကြရသော နေရာဖြစ်၍ ထိုနေရာကို မွန်ဘာသာဖြင့် “ဖျာပုင်” (ထမင်းဈေး) ဟူ၍ တင်စားပြီး ခေါ်ဝေါ်ခြင်းမျှသာ ဖြစ်လေသည်။
ဤနေရာသည် ထမင်းရောင်းသော ဆိုင်လည်းမဟုတ်၊ ဈေးလည်းမဟုတ်၊ ရွာဟူ၍ပင် တည်ထောင်လျှက် မရှိသေးပေ။ မွန်လူမျိုးတို့ တင်စားခေါ်ခြင်းသာဖြစ်သည်။ ထမင်းစုစားကြ၍ ဈေးတမျှ စည်ကားခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။
မွန်လူမျိုးတို့သည် အကြောင်းခြင်းရာတစ်ခုကို တင်စားခေါ်ဝေါ်သည့် အလေ့ရှိခဲ့ကြောင်း မှတ်တမ်းအချို့တွင် တွေ့ရပါသည်။ ယခုဖျာပုံမြစ် အရှေ့ဘက်ကမ်းအောက်ပိုင်းရှိ ကျုံလွတ်ချောင်းအောက် လတာကြီးအစွန်အထက်နေရာကို သကြားဟင်းအိုးဟု ခေါ်တွင်ခဲ့သည်။
ဤသို့ သကြားဟင်းအိုးဟု ခေါ်ဝေါ်ကြသည့်နေရာမှာ သကြားမင်းက ဟင်းအိုးကြီးချက်၍ ချထားခြင်း မဟုတ်ချေ။ ငါးပုစွန်များ ရှာဖွေစားသောက်ကြသူများသည် ထိုနေရာတွင် အထူးပိုမို ငါးပုစွန်ရရှိကြပသည့်အတွက် နာမည်တင်စား၍ ငါးပုစွန်ပေါများခြင်းကိုပင် သိကြားမင်းက ပေးလေဟန် အထူးပြု၍ ခေါ်ဝေါ်ခြင်းဖြစ်လေသည်။ ၄င်းနည်းတူ “ဖျာပုင်” ထမင်းဈေးဟု တင်စားခြင်းဖြစ်ပေသည်။
မွန်လူမျိုးတို့သည် မိမိတို့၏ ထုံးစံအရ ထမင်းရောင်းစားခြင်း၊ မျိုးစပါးရောင်းစားခြင်း ပြုလေ့မရှိပါ။ ထမင်း ရောင်းစားပါက ငတ်မွတ်ခြင်းဘေး တွေ့တက်သည်ဟုလည်းကောင်း၊ မျိုးစပါးကို ရောင်းစားလျှင် စပါးမျိုးခင်းများ ပျက်တတ်သည်ဟူ၍လည်းကောင်း အယူအဆရှိကြသဖြင့် စပါးပျိုးပင်ကို အလိုရှိ၍ တောင်းလာလျှင် လက်ဆောင်အဖြစ်ပေးသည်။ အဘိုး စားနား ပြောဆိုခြင်းမရှိ၊ မျိုးတောင်းသူကလည်း စပါးအသီးအနှံပေါ်သောအခါတွင် ကျေးဇူးတုံပြန်သည့် အနေဖြင့် စပါးဖြစ်စေ၊ ဆန်ဖြစ်စေ ပြန်လည်လက်ဆောင်ပေးခြင်းပြုပေသည်။
မည်သည့် ပုဂ္ဂိုလ်မဆို မသိကျွမ်းသော်လည်း ခရီးကြုံ၍ မွန်လူမျိုး နေအိမ်သို့ ရောက်သွားလျှင် ထမင်းကို အလျှင်ကျွေးမွေးဧည့်ခံကြပေသည်။ ဧည့်သည်ကို အထူးလေးစားကြ၍ ဧည့်သည့်များက အိမ်မှုကိစ္စ၊ ဗာဟီရများဝင်ရောက် လုပ်ကိုင်ပါက အိမ်ရှင်မှာ ကျက်သရေ ထိခိုက်တတ်သည်ဟု ယူဆကြသည်။
အလွန်ရင်းနှီးသော ဧည့်သည်မှသာလျှင် မိမိကိုယ်ကို အိမ်ရှင်ဖြစ်ကြောင်း အတိအလင်းမြွက်ကြား၍ အိမ်ရှင်အား ခွင့်ပန်ပြီးမှသာလျှင် ဗာဟီရကိစ္စများကို ကူညီဝင်ရောက်လုပ်ကိုင်ကြရပါသည်။ မွန်လူမျိုးများမှ ဗလိငါးပါးတွင် ဧည့်သည်ကို ပြုစုသော အဋ္ဌီတိဗလိကို များစွာ လေးဂရုပြုကြပေသည်။

မူလဖျာပုံရွာအခြေနေ

ဖျာပုံရွာ၏ အထက်ပိုင်းတွင် (ယခုခြင်္သေ့ဦးရှေ့) ၀ါပသံဃဒါနဆွမ်းလောင်းအသင်း အဆောက်အဦးနေရာ ရွာဦးနတ်စင်မှစ၍ အောက်ပိုင်းတွင် (ယခု သာဇီဘုရားကြီး၏ အရှေ့မြောက်ဒေါင့်) (၁၉၈၅) ခုနှစ်က ရေတိုက်စား၍ ပြိုကျသွားသော “ကျိုက်ပဒိုင်” ဘုရားဖြူစေတီအထိဖြစ်လေသည်။ ယခု အပြောင်လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း) ခေါ်သော နေရာသည် မူလ ဂန့်ကလာချောင်းဟုခေါ်သော နေရာဖြစ်သည်။ ဂန့်ကလာချောင်းတောင်ဘက်ကို ရွာလည်ပိုင်း၊ ရွာလည်ပိုင်းအောက်ဘက်ကို ကံချောင်စုဟု ခေါ်လေသည်။ ရွာဦးနတ်စင်မှ ဂန့်ကလာချောင်းထိ မြောက်ပိုင်းဟု ခေါ်ကြသည်။ နောင်တွင် အပြောင်လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း) ကို ဗဟိုထား၍ မြောက်ပိုင်း၊ တောင်းပိုင်း ဟုခေါ်ကြသည်။
ယခု ပဌမလမ်းကြီးကို အရှေ့နောက် မျက်နှာပြု၍ အိမ်ခြေတန်းတောက်နေကြလေရာ ကမ်းနားသို့ဆင်းရန် အိမ်ခြားလမ်းငယ်ကလေးများထား၍ တံတားထိုးကြသည်။ ရွာ၏ အနေမှာ (၁) မြောက်ပိုင်းတစ်စု၊ (၂) ရွာလည်ပိုင်းတစ်စု၊ (၃) ကံချောင်းပိုင်းတစ်စုအားဖြင့် ပထမလမ်းအတိုင်း တောင်ဘက်သို့ အစုချင်း ဆက်ကာဆက်ကာ အိမ်ခြေစုများရှိလေသည်။ ယခု အပြောင်လမ်းဟုခေါ်သော ကုန်းဘက်နေရာတွင် အိမ်ခြေစု တစ်စုကို ဂန့်ကလာချောင်းဟု ခေါ်လေသည်။ ရွာဖြစ်၍ ကာလအတော်ကြာ (၁၁၃၀) ခုနှစ်တွင် ယခု ဒုတိယလမ်းခေါ်သော လမ်းသေးတစ်ခု ပေါ်ပေါက်၍ အိမ်ခြေတိုးတက်များပြားလာလေသည်။
ထိုအခါတွင် အပြောင်ရွာနှင့်လည်းကောင်း၊ အပြောင် (ရွာတန်း) စေတီနှင့်လည်းကောင်း ဆက်သွယ်ဖို့လုပ်ထားသော လမ်းမရှိသေးပေ။ ကြား၌ လယ်ကွင်းများ ခြားနေပါသည်။ ဖျာပုံရွာသည် ဂန့်ကလာချောင်း ဘက်မှ လတာမြေ တစ်စတစ်ပေါ်လာသည့်အတိုင်း ကမ်းနားဘက်သို့ တိုး၍ အိမ်ဆောက်နေထိုင် ကြလေသည်။
ဒုတိယလမ်းဖြစ်ပေါ်လာသောအခါ အိမ်ခြေ (၃၀၀) ကျော် (၄၀၀) ခန့်ရှိနေပြီဖြစ်ပါသည်။

Wednesday, June 10, 2009

ဖျာပုံမြို့

ဖျာပုံမြို့ တည်နေရာ

ဖျာပုံမြို့သည် အရှေ့လောင်ဂျီတွဒ် (၉၀ - ၃၀ ) မှ (၉၅ - ၄၅ )အတွင်း ၊ မြောက်လတ္တီတွဒ် (၁၅ - ၃၀ ) မှ (၁၆ -၂၅ အတွင်းတည်ရှိပြီး အရှေ့ဘက်တွင် ဒေးဒရဲမြို့နယ် ၊ အနောက်ဘက်တွင် ဘိုကလေးမြို့နယ် ၊ တောင်ဘက်တွင် မုတ္တမပင်လယ် ၊ မြောက်ဘက်တွင် ကျိုက်လတ်မြို့နယ် တို့တည်ရှိပါသည်။ ဖျာပုံမြို့နယ်သည် ဧရိယာ (၃၇၇.၇၇) စတုရန်းမိုင်ကျယ်ဝန်းပါသည်။

ရာသီဥတု

ဖျာပုံမြို့နယ်သည်မိုးပြီးများပြီးပူအိုက်စွတ်စိုသောရာသီဥတုရရှိကြောင်း၊မိုးအများဆုံးလမှာဇူလိုင်လဖြစ်ပြီး
ပျမ်းမျှမိုးရေချိန်(၂၅)လက်မခန့်ရွာသွန်းပြီး အပူချိန်အနေဖြင့်၊အပူဆုံးလမှာဧပြီလဖြစ်ပြီးအပူချိန်(၃၆)ဒီကရီ
စင်တီဂရိတ်ခန့်ရှိကြောင်းအပူချိန်အနိမ့်ဆုံးလမှာဒီဇင်ဘာလဖြစ်ပြီးအပူချိန်(၂၀)ဒီဂရီစင်တီဂရိတ်ခန့်ရှိပါသည်။