အိုက်ဒီယာများ ပေါလွန်လွန်းလို့
ရုရှားခရီးသွားအဖွဲ့က မွန်ဂိုတွေဆီယောက်တော့ တည်းတဲ့အိမ်ကလူက ရုရှားတွေက ပညာတတ်တွေဆိုတော့ အကူအညီတောင်းတယ်။ ဒီလိုဗျာ.. ကျွန်တော့အိပ်ရှေ့က ရေအိုးအကြီးကြီးထဲမှာ အိမ်ကကြက်တွေ ကျကျသေလို့။ ဘယ်လုပ်ရင်ကောင်းမလဲဆိုတော့... ရုရှားတွေတိုင်ပင်ပြီး အိမ်ရှင်ကိုပြောသတဲ့။ အိုးအဖုံးကို သုံးနားညီတြိဂံပုံလုပ်ဖုံးပေါ့နော်။ အိမ်ရှင်ကလည်း လုပ်ပြီးဖုံးလိုက်တယ်။ မနက်လင်းတော့ ကြက်နှစ်ကောင်က အဲဒီထဲမှာ ဂန့်နေပြန်ရောတဲ့။
အဲဒါနဲ့ရုရှားတွေက တိုင်ပင်ပြီး အိုးအဖုံးကို စတုဂံပုံလုပ်ဖုံးလို့ပြောတော့ လုပ်ပြီးဖုံးလိုက်သတဲ့။ နောက်နေမနက်မှာ သုံးကောင်အထဲရောက်နေသတဲ့။
အဲဒါနဲ့ရုရှားတွေတိုင်ပင်ပြီး အိုးအဖုံးကို ဆဌဂံပုံလုပ်ဖုံးလို့ပြောလို့လုပ်ဖုံးလိုက်သတဲ့။ မနက်လင်းတော့ နောက်ဆုံးကျန်တဲ့နှစ်ကောင် အထဲမှာ ဂန့်နေပြန်ရောတဲ့။ အဲဒါနဲ့ အိမ်ရှင်ပြောသတဲ့ ကိုင်းကြက်တွေလည်းကုန်ပြီဗျာဆိုတော့။
ရုရှားတွေကပြန်ပြောသတဲ့... ဟာကွာ.. ဒို့မှာ အိုက်ဒီယာတွေအများကြီးကျန်သေးတယ်။ ကြက်တွေကကုန်ပြီလားတဲ့။
###### ပင်လယ်ပြင်သို့ ငါးဖမ်းထွက်မည့်သင်္ဘောမှ မိုးလေ၀သဌာနသို့ ရာသီဥတု အခြေအနေနှင့်ပတ်သက်ပြီး တယ်လီဖုန်းဖြင့် သတင်းမေးမြန်းစုံးစမ်းလေသည်။
ငါးဖမ်းသင်္ဘော။ ။ ဟဲလို…မိုးလေ၀သဌာနကပါလားခင်ဗျာ… ပင်လယ်ပြင်ရာသီဥတုအခြေအနေကို သိချင်လို့ပါ။
မိုးလေ၀သဌာန။ ။ ဟဲလို…ဟုတ်ပါတယ်…မိုးလေ၀သဌာနကပါ…ပင်လယ်ပြင်မှာ မုန်တိုင်းရှိပါတယ်…အခု ကျွန်တော်တို့ဌာနနဲ့ မိုင် ၅၀၀ အကွာ ဘင်္ဂလားပင်လယ်မှာပါ…နာဂစ်လို့ အမည်ခေါ်ပါတယ်…အခု မြောက်စူးစူးကို ရွှေ့လျားသွားနေပါတယ်။
ငါးဖမ်းသင်္ဘော။ နောက်တစ်နေ့သော်…ဟဲလို…မိုးလေ၀သဌာနကပါလားခင်ဗျာ…မုန်တိုင်း ဖြစ်တဲ့နေရာနဲ့ ရွှေ့လျားရာလမ်းကြောင်းကို သိပါပြီ။ ဘယ်လောက် လေတိုက်နှုန်းရှိပါသလဲခင်ဗျာ။
မိုးလေ၀သဌာန။ ။ ဟုတ်ကဲ့…အခု မြောက်စူးစူးကနေပြီး အရှေ့မြောက်အရပ် မြစ်ဝကျွန်းပေါ်ကို ဦးတည်နေပါတယ်။ စိတ်မပူပါနဲ့ခင်ဗျာ… အားပျော့သွားပါပြီ…မိုးအနည်းငယ်ရွာလိမ့်မယ်။
ငါးဖမ်းသင်္ဘော။ ။နောက်တစ်နေ့…ဟဲလို…ဟဲလို… မိုးလေ၀သဌာနကပါလား… မုန်တိုင်းအခြေအနေ သိချင်လို့ပါ…. ဟဲလို…ဟာ…ဧရိယာပြင်ဘက်ရောက်နေပီထင်တယ်… ဘာမှလဲမကြားရတော့ဘူး…
မိုးလေ၀သဌာန။ ။ ဟုတ်ကဲ့ပါ…”ကျွန်တော်တို့ကိုယ်တိုင် လေဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေရပါတယ်ခင်ဗျာ”
ဆုတံဆိပ်တွေကများ...
ရုရှားစစ်သားတစ်ယောက်က ရင်ဘတ်မှာ ဆုတံဆိပ်သုံးခု ချိတ်ထားတယ်။
တစ်ယောက်ကမေးပါတယ်။
- ဒီဆုတံဆိပ်တွေက ဘယ်လိုတွေကြောင့်ရထားတာလဲ။
ရုရှားစစ်သားလေးကလည်း အသေအချာ ရှင်းပြပါတယ်။
- ဒီပထမဦးဆုံးရခဲ့တဲ့ ဆုတံဆိပ်က ကျွန်တော်မှာ ဘာဆုတံဆိပ်မှ မရှိသေးလို့ ပေးတဲ့ဆုတံဆိပ်ပါ။
ဒီဒုတိယဆုတံဆိပ်ကကျတော့ ပထမဆုတံဆိပ်ရထားတဲ့သူကိုမှ ပေးတဲ့ဆုတံဆိပ်ပါ။
ဒီတတိယဆုတံဆိပ်ကကျတော့ ပထမနဲ့ဒုတိယဆုတံဆိပ်ရထားပြီးတဲ့သူကိုမှ ချီးမြှင့်တာမိုလို့ ရထားတာပါ။
######ဟိုစဉ်အခါက ရှမ်းဘုန်းကြီးတစ်ပါး ကျေးတောရွာတစ်ရွာသို့ ကြွလာတဲ့အခါ ဒီရွာနေလူတွေ စကားပြောကြပုံကို သုံးနှုန်းကြပုံကို အသေအချာလေ့လာမိတယ်။ ဒီမှာဒကာကြီး ချောင်းရိုးရဲ့ဟိုဘက် ကမ်းစပ်ကသောင်ပြင် ဘယ့်နှယ်ခေါ်သလဲ ဒကာ။ မှန်ပါဘုရား….ချောင်းရိုးရဲ့ဟိုဘက် ကမ်းစပ်ကသောင်ပြင် လတာပြင်ခေါ်ပါ့ ဘုရား။ ဒီမယ် ဒကာ ချောင်းရိုးဟိုဘက်ကမ်းမှာ အပင်တွေ အများကြီးစုလို့ပေါက်နေ….ဘယ်လိုခေါ်လဲကွဲ့။ မှန်ပါ ဘုရား အဲဒါ လမုတောပါ…တကယ်ပဲ အများကြီးပေါက်လို့နေပါတယ် ဘုရား။ ထိုစဉ်အခါ ချောင်းရိုးမှာ ခွေးသေကောင် မျောလို့ပါလာတယ်။ ဟောဟို ခွေးသေကောင်ပေါ်က အသားစားတဲ့ငှက်ကြီး ဘယ့်နှယ်ခေါ်သလဲ ဒကာ။ မှန်ပါ့ဘုရား…ခွေးသေကောင်ပေါ်က အသားစားတဲ့ငှက်ကြီး လဒ ကြီးပါ ဘုရား။ ထိုအခါ ဘုန်းဘုန်းက ဒီလိုတွေးမိတယ် `ဒီရွာနေလူတွေ စကားပြောကြရင် `လ` ဆိုတဲ့ အက္ခရာရှေ့ထားကာ တကယ်ပဲ သုံးနှုန်းတတ်ကြတယ်`… ထိုစဉ်အခါ ဘုန်းဘုန်းမှာ ဆွမ်းစားချိန်နီလို့လာပီပေါ့။ ဆွမ်းစားချန်တန်တော့ ဘုန်းဘုန်းက ဒကာတွေကို ဒီလိုမိန့်လိုက်ပါတယ်….´ဒီမှာ လဒကာ လမွန်းတည့်တော့မယ် လကွာ… လဆွမ်းကပ်တော့လေ လကွာ…လဒကာကြီးရာ´
######စိတ်ကျန်းမာရေးဆေးရုံရှေ့က ကားမှတ်တိုင်မှာ အမျိုးသမီးတစ်ယောက်က နို့စို့အရွယ်ကလေးလေးကို ရင်ခွင်မှာပိုက်ပြီး လိုင်းကားကိုစောင့်နေတယ်။ အဲဒီအချိန်မှာ စိတ်ကျန်းမာရေးဆေးရုံထဲကနေ အမျိုးသားတစ်ယောက်ထွက်လာတယ်။ ၀တ်စားထားတာရော၊ ပုံပန်းသွင်ပြင်ကပါ ခပ်နွမ်းနွမ်းနဲ့ပါ။ ကားမှတ်တိုင်ကို ရောက်တော့ကာ ရီဝေေ၀မျက်လုံးတွေနဲ့ အမေ့ရင်ခွင်မှာပိုက်ထားတဲ့ ကလေးလေးကိုပဲ ကြည့်နေတော့တာ။ ကလေးအမေ အမျိုးသမီးကလည်း အော် သူ့ခမျာ… သားသမီးစိတ်နဲ့ စိတ်ကျန်းမာရေး မကောင်းဖြစ်နေပုံရတယ်လို့တွေးမိနေတာပေါ့။ ခဏနေတော့ အဲဒီလူက စမေးတယ်။
- ကလေးလေးက ယောက်ျားလေးလား၊ မိန်းကလေးလား။
- မိန်းကလေးပါရှင်။
- ချစ်စရာ ကောင်းလိုက်တာ။ ဘယ်နှလ ရပြီလဲ။
- ၆ လသမီးပါရှင်။
- ချစ်စရာ ကောင်းလိုက်တာဗျာ။
မျက်လုံးတွေကလည်း အရည်တွေလက်လာပြီး၊ မျက်နှာကြီးကလည်း ရွှင်လန်းလာတာပါပဲ။ အင်း ကလေးနဲ့သူ့ရောဂါတော့ ပတ်သတ်တာသေချာနေပြီ။
- တချက်လောက် နမ်းခွင့်ပေးပါလားခင်ဗျာ။
- နမ်းပါရှင်၊နမ်းပါ၊ နမ်းပါ၊ ရပါတယ်ရှင့်။
အဲသလိုလဲ ပြောလိုက်ရော နမ်းခွင့်တောင်းတဲ့ လူကြီးက ကလေးအမေ့ပါးကို ရွှတ်ခနဲမွှေးမွှေးပေးပြီးထွက်ပြေးသွားပါလေရော။
အရူးပါးတွေဘေးမှ ကင်းဝေးကြပါစေ။
့
###### အမျိုးသမီးတစ်ယောက် ပစ္စည်းတစ်ခုခုကို အသုံးပြုပြီးလျှင် ဘယ်နေရာကိုထားရှိမိမှန်းမသိသဖြင့် မိမိ၏မှတ်ဥာဏ် ပြဿနာနှင့်ပတ်သက်လို့ ဆရာဝန်နှင့်တိုင်ပင်ရန် ဆေးခန်းသို့သွားလေ၏။
အမျိုးသမီး။ ။ ဒေါက်တာ ကျွန်မမှာ မှတ်ဥာဏ်နှင့်ပတ်သက်လို့ အခက်အခဲရှိနေပါတယ်။ ဥပမာ ဒေါက်တာရယ်… ကျွန်မ ကားယူလာတဲ့အခါ ကားကိုတစ်နေရာရာမှာရပ်ထားခဲ့တယ်၊ ပြီးတော့ ကျွန်မ ကားကိုပြန်ရှာတော့ ဘယ်ကားဟာ ကျွန်မရဲ့ကားဆိုတာ မမှတ်မိဘူး။ နောက်တစ်ခုက ကျွန်မ မျက်မှန်ကို တစ်နေရာရာမှာထားပြီးရင် ဘယ်နေရာမှာထားမိမှန်း မမှတ်မိလို့ ရှာမတွေ့ဘူး။ နောက်တစ်မျိုးက ကျွန်မရဲ့ကလေးကို တစ်နေရာရာမှာ ထားခဲ့တယ်… နောက်မိနစ်အနည်းငယ်ကြာတော့ ပြန်ရှာတော့ ဘယ်နေရာမှာ ထားခဲ့မိမှန်း မသိတော့ဘူး။
ဒေါက်တာ။ ။ အင်း… ရှင်ရဲ့ရောဂါက တော်တော်ဆိုးနေပြီပဲ။ ဒီသုံးမျိုးတည်းပဲလား… နောက်ထပ်ပြဿနာတွေရှိရင်ပြောပအုံး… မှတ်ဥာဏ်မကောင်းတာနဲ့ပတ်သက်လို့ပေါ့။
အမျိုးသမီး။ ။ မှတ်ဥာဏ်မကောင်းတာနဲ့ပတ်သက်တဲ့ပြဿနာ… ဟုတ်လားဒေါက်တာ… ကျွန်မ စောစာက ဘယ်လိုပြဿနာတွေကို ပြောခဲ့မိလို့လဲ ဒေါက်တာ။
######လူငယ်တစ်ယောက်က သည်းထိတ်ရင်ဖိုအားကစားနည်းတစ်မျိုးကို ကစားချင်နေတဲ့ ဆန္ဒရှိနေတယ်။ ပြီးတော့ တစ်နေ့ကျရင်တော့ အောင်မြင်ကျော်ကြားတဲ့ လေထီးခုန်သမားတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားတယ်။ ဒါကြောင့် လေထီးအရောင်းဆိုင်ကို သွားပြီး လေထီးတစ်ခုဝယ်ခဲ့တယ်။ နောက်တစ်နေ့ သူငယ်ချင်းတွေနဲ့ဆုံတော့
လူငယ်။ ။ငါ အောင်မြင်တဲ့ လေထီးခုန်သမားတစ်ယောက်ဖြစ်ပို့ ကြိုးစားနေတယ်ကွ…
သူငယ်ချင်းများ။ ။ ဟေ့ကောင်… လူကြီးတွေကို စိတ်ပူအောင် မလုပ်ပါနဲ့ကွာ… လေထီးခုန်တယ်ဆိုတာ အရမ်းအန္တရာယ်များတယ်ကွ… တကယ်လို့ လေထီးကမပွင့်ဘူးဆိုရင် မင်းဘယ်လိုလုပ်မလဲကွ…
လူငယ်။ ။ ဟာကွာ… မင်းတို့ကလည်းညံ့ပကွာ… လေထီးမပွင့်ဖူးဆိုရင် အဲဒီလေထီးကို ဆိုင်ကိုပြန်ပေးမယ်… ဟဲဟဲ… ပြီးတော့ ငါ့ပိုက်ဆံကိုပြန်တောင်းမှာပေါ့ကွ။
######ချမ်းသာတဲ့ မိန်းမကြီးတစ်ယေက် ကော်ဖီသောက်ရင်း သူ့အမေအကြောင်းကို စဉ်းစားနေတယ်။ ဒီနေ့က မိခင်ကြီးရဲ့မွေးနေ့ပဲ။ ဒီတော့ မွေးနေ့လက်ဆောင်ကောင်းကောင်းလေးပို့ရဦးမယ်ပေါ့။ ဒါနဲ့ပဲ အိမ်မွေး တိရစ္ဆာန်ရောင်းတဲ့ဆိုင်ကို သွားခဲ့တယ်။ ဘယ်လိုတိရစ္ဆာန်လေးတွေကို ၀ယ်ပေးရရင်ကောင်းမလဲဆိုပြီး ဆိုင်အနှံ့လိုက်ကြည့်နေရင်း အလွန်လှပတဲ့ ငှက်ကလေးတစ်ကောင်ကို တွေ့ခဲ့တယ်။ အဲဒီငှက်ကလေးက သီချင်းဆိုတတ်တယ်၊ ဘာသာစကား ခုနှစ်မျိုးပြောနိုင်တယ်။ ဒီတော့ သူ့အမေအတွက် အကောင်းဆုံးလက်ဆောင်ပဲဆိုပြီး ငှက်ကလေးကို ဒေါ်လာငါးထောင်နဲ့ ၀ယ်ခဲ့တာပေါ့။ အိမ်ကိုပြန်ရောက်တော့ ငှက်ကလေးကို ရေချိုးပေးတယ်၊ ပြီးတော့ မိခင်ဆီကို ပို့လိုက်တယ်။ နောက်တစ်နေ့ကြတော့ မိခင်ဆီကို တယ်လီဖုန်းဆက်တာပေါ့…
သမီး။ ။ မေမေ သမီးပို့လိုက်တဲ့ ငှက်ကလေးကို သဘောကျရဲ့လား။
မိခင်။ ။ အင်း… သဘောကျတယ်… ငါအခု ဒီငှက်ကိုကြော်စားနေတာ… ငှက်ကလေးရဲ့အသားက တော်တော်ကောင်းတယ်တဲ့
တွေးတွေးပြီးရယ်
(၁)
ဆရာဝန်တစ်ဦးက စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။ ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုး တင်ပါးကုတ်နေတာကို တွေ့လို့
မေးလိုက်တယ်။ "လိပ်ခေါင်းရှိသလား!"
ဆရာဝန်စကားကို စားပွဲထိုးပြန်ဖြေလိုက်တာက "ဆောရီး.. menu ထဲမှာရှိတဲ့ဟင်းပဲ မှာပါ" ဟူတည်း။
(၂)
လမိုက်ည တစ်ညမှာ သူခိုးတစ်ယောက် ဘဏ်တစ်ခုထဲဝင်ပြီး ပစ္စည်းခိုးဖို့ ကြံရွယ်ခဲ့တယ်။ သူခိုးက ဘဏ်ထဲမှာရှိတဲ့ အာမခံသေတ္တာတွေကို တစ်ခုပြီးတစ်ခုဖွင့်ကြည့်ခဲ့တယ်။
ပထမသေတ္တာကို ဖွင့်ကြည့်တော့ ဘာအဖိုးတန်ပစ္စည်းမှာ မတွေ့ဘဲ ဂျယ်လီထုပ်တွေပဲ တွေ့ခဲ့တယ်။ နောက်သေတ္တာတစ်ခုကိုဖွင့်ကြည့်တော့လည်း ဘာမှမတွေ့ဘဲ ဂျယ်လီထုပ်ပဲတွေ့ခဲ့တယ်။
သူခိုးကစိတ်တိုပြီး ဂျယ်လီထုပ်တွေကို စားပစ်လိုက်တယ်။
နောက်တစ်နေ့မနက်မှာ သူခိုးက အိပ်ရာစောစောထပြီး ညက သူလုပ်ခဲ့တဲ့ လုပ်ရပ်ကိုသိချင်လို့ သတင်းစာတစ်စောင် ဝယ်ဖတ်လိုက်တယ်။
သတင်းစာရဲ့ခေါင်းကြီးပိုင်းမှာ စာလုံးကြီးနဲ့ ရေးထားတာကိုဖတ်ပြီး သူခိုးမေ့လဲသွားခဲ့တယ်။ သတင်းစာပေါ် ရေးထားတာက...
"ရူးသွပ်နေသော သူခိုးတစ်ယောက် သုတ် လှူဘဏ်တစ်ခုကို ညက ဝင်ရောက်ခိုးခဲ့သည်"
(၃)
တရားသူကြီးက သက်သေထွက်ဆိုမယ့်သူကို မှာတယ်။
"တရားရုံးမှာ စစ်ဆေးမေးမြန်းတဲ့အချိန် မလိမ်ညာရဘူး။ ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်တာကိုပဲ ပြောရမယ်။ တစ်ခြားလူပြောတာကို မပြောရဘူး။ နားလည်လား!" "ဟုတ်ကဲ့.. နားလည်ပါတယ်"
"ကောင်းပြီ... မောင်ရင်ရဲ့ မွေးနေ့နဲ့ မွေးဖွားရာဇာတိကို အရင်ပြောပါ"
"တရားသူကြီးမင်း.. ဒါကို ကျွန်တော်ပြောလို့မဖြစ်ဘူး။ အဲဒီတွေကို ကျွန်တော့်အမေကတစ်ဆင့် ကျွန်တော်သိခဲ့ရတာမို့ပါ"
(၄)
ရုပ်အရမ်းဆင်တဲ့ အမွှာညီအစ်ကိုနှစ်ဦးရှိတယ်။ အစ်ကိုဖြစ်သူမှာ လှေအိုတစ်စီးရှိပြီး ညီဖြစ်သူမှာ ရောဂါထူတဲ့ မိန်းမတစ်ဦးရှိတယ်။ တစ်နှစ်မှာ ညီအစ်ကိုနှစ်ဦးစလုံး
ကံမကောင်းခဲ့ဘူး။ အစ်ကိုရဲ့ လှေမြှုပ်သွားခဲ့သလို ညီရဲ့မိန်းမလည်း ဆုံးခဲ့ရတယ်။
တစ်နေ့မှာ အစ်ကိုဖြစ်သူက လမ်းမှာ မိတ်ဆွေတစ်ဦးနဲ့ဆုံခဲ့တယ်။ မိတ်ဆွေက သူ့ကို "ညီ"လို့ထင်မှတ်ပြီး "ကျွန်တော် စိတ်မကောင်းဘူးဗျာ" (မိန်းမဆုံးသွားတာကိုရည်ညွှန်းပြီးပြောတာ ဖြစ်တယ်)
ဒါကို အစ်ကိုက သူ့လှေမြှုပ်သွားတာကို ပြောတယ်ထင်ပြီး "ဟုတ်တယ်ဗျာ.. ကျွန်တော်အစတည်းက သိတယ်။ သူက ရှေ့ကွဲတဲ့အပြင် နောက်မှာလည်း
အပေါက်တစ်ပေါက်ပါသေးတယ်။ အပေါက်ကနေ ရေတွေပန်းပန်းထုတ်တာ အဆိုးဆုံးပဲ။ ဟိုတစ်လောက သူငယ်ချင်းတစ်ယောက် အကြာကြီး ငှားသွားသေးတယ်။
ဒါကြောင့်ခုလို ဖြစ်သွားရတာ"
ဆဲဆိုပုတ်ခတ်တဲ့သူ မရှိရင် နည်းနည်းညစ်တဲ့ ဟာသလေးတစ်ခု ပြောပြချင်ပါတယ်.. ရယ်ရလို့ပါ :X
(၅)
တစ်နေ့မှာ ရှင်ဘုရင်တစ်ပါး တိုင်းခန်းလှည့်လှည်ဖို့ ပြင်ဆင်တော့ လှပချောမောပြီး၊ ကာမဂုဏ်ကြီးတဲ့ မိဖုရားကို စိတ်မချဖြစ်နေခဲ့တယ်။ မှူးမတ်တွေနဲ့
မိဖုရားလျှောက်မလုပ်အောင် မိဖုရားရဲ့ private နေရာမှာ အထူးစီမံထားတဲ့ ညှပ်တစ်ခု ထည့်ထားလိုက်တယ်။ အဲဒီညှပ်က အရာဝတ္ထုကို ပြတ်အောင်ညှပ်နိုင်တဲ့
ညှပ်ဖြစ်တယ်။ ဒီလိုနဲ့ရှင်ဘုရင် စိတ်ချလက်ချ တိုင်းခန်းလှည့်လည်ခဲ့တယ်။
တစ်ပတ်အကြာ တိုင်းခန်းလှည့်လည်ရာက ပြန်လာပြီးနောက် မှူးမတ်တွေကိုခေါ်ပြီး ဘုရင်ကြီးစစ်ဆေးခဲ့တယ်။ မှူးမတ်အားလုံးကို အဝတ်ချွတ်ပြီး
ဘုရင်ကြီးစစ်ဆေးခဲ့တယ်။ မှူးမတ်တိုင်းရဲ့ private နေရာက ပြတ်နေတာကို တွေ့လိုက်တယ်။ နောက်ဆုံးကျန်တဲ့ မှူးမတ်တစ်ယောက်တည်း အကောင်းပကတိ
ဖြစ်တာကိုတွေ့တော့ ရှင်ဘုရင်က သစ္စာရှိတဲ့မှူးမတ်၊ ယုံကြည်ရတဲ့မှူးမတ်ဆိုပြီး ဆုချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ မှူးမတ်ကို အလိုရှိရာတောင်းဆိုဖို့ ဘုရင်က
ပြောပေမယ့် မှူးမတ်က ဘာမှမပြောခဲ့ဘူး။ နောက်ဆုံး ဘာဖြစ်လို့ မတောင်းဆိုတာလဲလို့ ဘုရင်က စိတ်မရှည်စွာနဲ့မေးမှ မှူးမတ်က စကားပြောဖို့
ပါးစပ်ဟလိုက်တယ်။ ဒါပေမယ့် မှူးမတ်ပါးစပ်ထဲကလျှာ တစ်ဝက်ပြတ်နေတာကို ဘုရင်ကြီးတွေ့လိုက်တယ်။
####တစ်ညနေမှာ မိသားစုတစ်စု ထမင်းဝိုင်းဖွဲ့စားနေခဲ့တယ်။ ထမင်းဝိုင်းမှာ သားက ဝက်အူချောင်းကြော်ကို လက်ညှိုးထိုးပြီး "နိုင်ငံခြားမှာ
စက်တစ်မျိုးထီထွင်လိုက်ပြီလို့ သိရတယ်။ အဲဒီစက်က ဘယ်လောက်ထိ ခေတ်မီသလဲဆို ဒီဖက်ကနေ ဝက်အရှင်တစ်ကောင် ထည့်လိုက်ရင် စက်ဟိုဖက်မှာ
ဝက်အူချောင်းတွေ ထွက်ကျလာရောတဲ့... တကယ်လို့ ဒီဖက်ကနေ ဝက်အူချောင်းထည့်လိုက်လို့ ဟိုဖက်ကဝက်အရှင် ပြန်ထွက်လာရင် ပိုမိုက်မယ်လို့
သားထင်တယ်"
အဲဒီမှာ အဖေဖြစ်သူက ဝင်ဟန့်လိုက်တယ်။
"ဒါဘာများဆန်းသလဲ! နင့်အမေက ရယ်ဒီမိတ်စက်ပဲလေ။ ငါဒီဖက်ကနေ ဝက်အူချောင်းထည့်လိုက်တာ ငတုံးငအ ဝက်တစ်ကောင် မင်းထွက်လာခဲ့ပြီမဟုတ်လား"
(၂)
စိတ္တဇအထူးကု ဆေးရုံမှာ ဆော့ဝဲလ်အင်ဂျင်နီယာသုံးဦး ရောက်နေခဲ့တယ်။ အဲဒီအင်ဂျင်နီယာတွေက ကွန်ပြူတာနဲ့ နေ့ရောညပါ အလုပ်လုပ်ခဲ့ရလို့
စိတ်ကယောင်ကချားဖြစ်ပြီး နောက်ဆုံးမှာ စိတ်မနှံ့တဲ့အဆင့်ကို ရောက်သွားခဲ့လို့ ဆေးရုံရောက်လာတာဖြစ်တယ်။
တစ်နေ့မှာ ဆရာဝန်က လူနာတွေကို လှည့်လည်စစ်ဆေးတော့ လေယာဉ်မှူးအင်္ကျီဝတ်ထားတဲ့ အင်ဂျင်နီယာလူနာကို တွေ့လိုက်တယ်။
"မင်း ဘယ်သူလဲ?"
"ကျွန်တော်လေယာဉ်မှူးပါ" အင်ဂျင်နီယာက ဖြေပြီး ကွန်ပြူတာရှေ့မှာ ပျံတဲ့အပြုအမှုမျိုး သွားလုပ်နေခဲ့တယ်။
ဆရာဝန်ကဆက်ပြီး အဝတ်ကြောင်ကြောင်ကျားကျား ဝတ်ထားတဲ့ အင်ဂျင်နီယာကို တွေ့ပြန်တယ်။
"မင်း ဘယ်သူလဲ?"
"ကျွန်တော် မော်ဒယ်ပါ" အင်ဂျင်နီယာက သူ့နေရာသွားပြီး အမှုအရာအမျိုးမျိုး လုပ်နေခဲ့တယ်။
ဆရာဝန်က ဝတ်စုံဖြူဝတ်ပြီး၊ မုတ်ဆိတ်ရိုက်ဓား ကိုင်ထားတဲ့ နောက်ဆုံးအင်ဂျင်နီယာကို တွေ့လို့မေးလိုက်ပြန်တယ်။
"မင်း ဘယ်သူလဲ?"
"ရှူး... တိုးတိုး... ကျွန်တော်လက်တွေ့ခွဲစိတ်နေတဲ့ အကောင်ကို မလန့်မိစေနဲ့" လူနာက ပြောပြောဆိုဆို လှောင်ထားတဲ့ မောက့်စ်(mouse) ဂရုတစိုက်ထုတ်လာခဲ့တယ်။
(၃)
သားက ညတိုင်း မေမေနဲ့အိပ်တော့ မေမေက "သား ကြီးလာလို့ မိန်းမယူရင်ကော မေမေနဲ့ပဲအိပ်မလား!"
"မေမေနဲ့ပဲ အိပ်မှာပေါ့"
"ဒီလိုဆိုရင် မေမေ့ချွေးမ ဘယ်လိုလုပ်မလဲ"
"ဖေဖေနဲ့ အိပ်ခိုင်းလိုက်မယ်"
ဖေဖေက သားစကားကို ဝင်ထောက်တယ် "အင်း.. ဒီကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ သိတတ်လိုက်တာ"
အရက်မခိုးရ
ပွဲတော်ည မတိုင်ခင်တစ်ညမှာ လူတစ်ယောက်က အရက်အိုးတစ်လုံးကို အိမ်ရှေ့မှာ ချထားခဲ့တယ်။ ဒုတိယမနက်မှာ အိုးထဲကအရက်တွေ ၄ပုံ၁ပုံ လျှော့နေတာကို
သူတွေ့တော့ "အရက်မခိုးရ" ဆိုတဲ့ စာတန်းကို အိုးပေါ်မှာ ရေးကပ်ထားလိုက်တယ်။ တတိယမနက်မှာ အရက်တွေ လျှော့နေတာကို သူတွေ့လိုက်ပြန်တယ်။
ဒီတစ်ခေါက်တော့ "အရက်ခိုးသူ အပြစ်ယူမည်" ဆိုပြီး ရေးကပ်လိုက်ပြန်တယ်။ ဒါပေမယ့် အရက်က အခိုးခံရမြဲ အခိုးခံနေရတယ်။
ဒီအဖြစ်အပျက်ကို မိတ်ဆွေတစ်ဦးက သိတော့ "ခင်ဗျား တုံးလိုက်တာဗျာ.. အိုးပေါ်မှာ သေးအိုးဆိုပြီး ရေးကပ်ထားရင် ဘယ်သူမှ ခိုးတော့မှာမဟုတ်ဘူး" လို့
အကြံပေးလိုက်တယ်။ အကြံအတိုင်း အရက်အိုးပေါ်မှာ သေးအိုးလို့ သူ ရေးကပ်ထားလိုက်တယ်။ နောက်တစ်နေ့မနက်မှာ အရက်အိုးကြီး ပြည့်နေတာကို
သူတွေ့တော့ ဒေါသတွေ ထွက်ပြီး "အရက်မခိုးရ" လို့ ရေးကပ်လိုက်ပြန်တယ်။ နောက်တစ်ရက်မှာ လူတွေအားလုံး ဒေါသထွက်ကြတော့တယ်။
#####တစ်ခါက ရှဥ့်တစ်ကောင်နဲ့ ဖားတစ်ကောင်ဟာ မိန်းမရွှင်နဲ့ ပျော်ပါးဖို့ တည်းခိုခန်းတစ်ခုကို ရောက်သွားခဲ့ကြတယ်။ တည်းခိုခန်းက ဘေးချင်းကပ်ရက်အခန်းမှာ
နေကြပြီး မိန်းမရွှင်နဲ့ ပျော်ပါးတော့တယ်။ အဲဒီမှာ ဖားအခန်းကနေ “ အီး.. အီး.. အား.. အား” အသံတွေ တစ်ညလုံး ကြားနေရတယ်။ မနက်လင်းတော့ ရှဥ့်က
ဖားကို “ကိုရွှေဖား ... ခင်ဗျား ကိုယ်ခံအား ကောင်းလှချည်လား၊ တစ်ညလုံး မနားခဲ့ဘူး” လို့ အားကျတဲ့အသံနဲ့မေးတော့ ဖားက စိတ်ပျက်ပျက် ပြန်ဖြေလိုက်တာက “
ဘယ်ကလာ ကိုယ်ခံအားကောင်းမလဲ.. ကြိုးစားပြီး ခုန်ခဲ့ပေမယ့် တစ်ညလုံး ကုတင်ပေါ် ကျွန်တော် မရောက်ခဲ့ဘူးဗျ” ဟူတည်း။
မ နဲ့ မောင်
(က)
အိမ်ထောင်ကျစ
မ။......... ။ တင်းနေအောင် ဖက်မထားနဲ့လေမောင်.. မ အသက်ရှုလို့ မဝတော့ဘူး။
မောင်။... ။ ဖက်မထားရင် မောင်အိပ်မပျော်လို့ပါ မရယ်။
နှစ်အတန်ကြာသော်
မ။......... ။ မောင်အိပ်ရင် မကို ဖက်မအိပ်တာကြာပြီနော်။
မောင်။...။။ ဖက်ပြီးအိပ်ရင် အသက်ရှုလို့ မဝဘူးဆိုတာ မသိဘူးလား။
(ခ)
ချစ်သူဘဝ
လူစည်ကားရာ နေရာတစ်ခုတွင် မောင်က မကို ပွေ့ဖက်လိုက်သည်။
မ။....... ။ မောင် ရူးနေလား? လူတွေကြည့်နေတယ်လေ.. ရှက်စရာကြီး
မောင်။..။ ကြည့်ကြည့်ပေါ့ မရယ်။ မောင်က ချစ်တာကို
အိမ်ထောင်ကျပြီးနောက်
မ။.....။ အရင်က ဒီနေရာမှာ မ့ကို မောင် ပွေ့ဖက်ဖူးတယ်နော်။ ခုဖက်ပါအုန်းလား မောင်
မောင်။.... ။ လူတွေရှေ့မှာ ဖက်ရအောင် ရူးနေလား?
(ဂ)
အိမ်ထောင်ကျစ
မ။..... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်က မကို ပွေ့ပြီး ကုတင်ပေါ် တင်ပေးလိုက်တယ်။
နှစ်အနည်းငယ်ကြာသော်
မ။........... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်။်..... ။ ခြေထောက်ကျိုးနေပြီလား?
(ဃ)
တစ်နေ့မှာ မောင်က
“မ ဝလာလည်း ချစ်မှာပဲ။ ဝဝကစ်ကစ် မ ခန္ဓာကို ပွေ့ခေါ်မယ်။ အသက်အရွယ်ကြီး အိုမင်းသွားတဲ့အထိ မကို အမြဲချစ်မယ်။ မကို အမြဲဖက်မယ်” ဟု သစ္စာဆိုသည်။
နှစ်အနည်းငယ် ကြာသော်
မ။.......... ။ မောင် မကိုပွေ့ပါအုန်း
မောင်။.....။ ဒီခန္ဓာကိုယ်နဲ့ ငါ့ ခါးကျိုးအောင် လုပ်နေတာလား?
(၂)
မ။............ ။ မောင်ရေ.. မ အလှပြင်ပြီးပြီ၊ သွားရအောင်
မောင်။......။။ နေပါအုန်း.. ငါ မုတ်ဆိတ်ရိတ်နေသေးတယ်။
မ။............။ မုတ်ဆိတ်ရိတ်တာ ဒီလောက်ကြာသလား? မ တောင် ပြင်ပြီးနေပြီ..
မောင်။......။ နင်အလှပြင်တာကို စောင့်ရင်း ရိတ်ပြီးသား ငါ့မုတ်ဆိတ်တွေ ထပ်ရှည်လာလို့ နောက်တစ်ခေါက် ထပ်ရိတ်နေတာ။
(၃)
လူတစ်ယောက်သည် ယင်ကိုးကောင်ကို ရိုက်ပြီး
“ဒီယင်ကိုးကောင်မှာ ၅ကောင်က အထီး၊ ၄ကောင်က အမကွ”
“အထီးမှန်း၊ အမမှန်း မင်းဘယ်လိုလုပ်သိသလဲ”
“၅ကောင်က အရက်ပုလင်းမှာနားနေပြီး ၄ကောင်က ကြည့်မှန်ပေါ်နားနေလို့ကွ”
တစ်ခါက ပန်းခြံတစ်ခုမှာ ယောက်ျားရုပ်တုနဲ့ မိန်းမရုပ်တု နှစ်ခုရှိသတဲ့။ ရုပ်တုနှစ်တုကို မျက်နှာချင်းဆိုင် တည်ထားတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ တစ်နေ့မှာ
အချစ်နတ်သား မြှားနတ်မောင်ဟာ ရုပ်တုနှစ်ခုကို တွေ့သွားပြီး “မင်းတို့နှစ်ယောက် မျက်နှာချင်းဆိုင်ပြီး ငေးမောကြည့်နေရတာ နှစ်ပေါင်းမနည်းတော့ဘူး။
မင်းတို့ကို သနားလို့ ဒီနေ့တော့ မင်းတို့နှစ်ယောက်ကို ၁၅မိနစ်လောက် ငါအသက်သွင်းပေးလိုက်မယ်။ ကြိုက်တာ လုပ်တော့..... ” လို့ ပြောပြီး လူအဖြစ်
အသက်သွင်းပေးလိုက်တယ်။
အသက်ဝင်သွားတဲ့ ရုပ်တုနှစ်ခုဟာ နှစ်ပေါင်းများစွာ ရပ်နေရတဲ့ အမြင့်ကနေ ဝမ်းသာအားရ ခုန်ချပြီး ချုံတစ်ခုထဲ ပြေးဝင်သွားကြတယ်။ ၁ဝမိနစ်အကြာမှ ချုံထဲက
ပြန်ထွက်လာတဲ့ သူတို့နှစ်ယောက်ကို မြှားနတ်မောင်က “ အချိန်၅မိနစ် ကျန်သေးတယ်.. ကြိုက်တာ လုပ်ကြဦး” လို့ ပြောတော့ နှစ်ယောက်သား
တစ်ယောက်မျက်နှာ တစ်ယောက်ပြုံးကြည့်ပြီး ချုံထဲ နောက်တစ်ကြိမ် ပြန်ပြေးဝင်သွားကြတယ်။
ဒီတစ်ခါတော့ ချုံထဲကနေ မိန်းကလေးအသံကို ကြားလိုက်ရတယ်။ မိန်းကလေး ပြောလိုက်တာက....
“ကဲ... ဒီတစ်ခါ ရှင့်အလှည့်.. ခိုကို ကျွန်မချုပ်ထားပေးမယ်။ ခိုခေါင်းပေါ် ရှင်မစင်စွန့်ချလိုက်တော့” ဟူတည်း။
မိန်းမများကို အန်စေသော ယောက်ျား
၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား
၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား
၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား
၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား
၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား
၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား
၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား
ယောက်ျားများကို အန်စေသော မိန်းမ
၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ
၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၎. အသားအရည် ကြမ်းတမ်းသော မိန်းမ
၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ
၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ
အော်.. ယောက်ျား
ချစ်စကြင်စ
၆ရက်အကြာ..... ငါ နင့်ကိုချစ်တယ်၊ ငါ နင့်ကိုချစ်တယ်။
၆လအကြာ....... အင်း ဟုတ်တယ်.. ချစ်ပါတယ်။
၆နှစ်အကြာ...... အော်.. နင့်ကို မချစ်ရင် ငါလက်ထပ်ခွင့်တောင်းပါ့မလား?
လက်ထပ်ပြီးစ.......
အလုပ်အပြန်
၆ရက်အကြာ..... အချစ်လေးရေ.. မောင်ပြန်လာပြီ
၆လအကြာ...... ပြန်လာပြီဟေ့
၆နှစ်အကြာ...... ငါပြန်လာပြီကွ.. ထမင်းကျက်ပြီလား?
ဧည့်ခန်းတွင်
၆ရက်အကြာ...... ချစ်မိန်းမရေ.. ချစ်မိန်းမနဲ့ ပြောချင်လို့တဲ့
၆လအကြာ........ ရော့ မင်းဖုန်း!
၆နှစ်အကြာ........ ရော်.. ဖုန်းကိုင်လိုက်လေ
မီးဖိုထဲတွင်
၆ရက်အကြာ...... ဝါး.. အစားအစာတွေ ဒီလောက်အရသာရှိမှန်း ခုမှပဲသိတော့တယ်
၆လအကြာ........ ဒီည ဘာစားမလဲ?
၆နှစ်အကြာ...... လာပြန်ပြီ.. ဒီဟင်း!
ရှော့ပင်းပြန်ချိန်
၆ရက်အကြာ..... ဟာ... ဒီအင်္ကျီဆို ချစ်လေးက နတ်သမီးလေးအတိုင်းပဲ
၆လအကြာ...... ရှော့ပင်းထွက်ပြန်ပြီလား?
၆နှစ်အကြာ..... မင်း ပိုက်ဆံတွေ ဘယ်လောက်ဖြုန်းခဲ့ပြန်ပြီလဲ?
တီဗွီရှေ့တွင်
၆ရက်အကြာ...... ချစ်လေး.. ဒီညမောင်တို့ ဘာအစီအစဉ်ကြည့်မလဲ?
၆လအကြာ........ ဒီကားကြည့်မယ်.. ဒီကားကြိုက်တယ်။
၆နှစ်အကြာ....... ဒီကားကြည့်မယ်။ မင်း မကြည့်ချင်ရင် သွားအိပ်တော့.. ကိုယ့်ဘာသာ ကိုယ်ကြည့်မယ်။
သြော် ...... မိန်းမ
မ”စိတ်ကို နားမလည်သော ဥပမာ
မး မောင် အိပ်ချင်ပြီလားဟင်?
မောင်း အင်း.. ဒီနေ့ ပင်ပန်းလာတယ်။
မး ကောင်းပြီလေ.. ဒါဆို စောစောအိပ်နော် မ” မနှောင့်ယှက်တော့ဘူး။
မောင်း အင်း.. မ”လဲ စောစောအိပ်နော်
မောင်ပြောရင်း ဆိုရင်း ဖုန်းချလိုက်သည်။ ၅မိနစ်နေပြီးနောက် ဖုန်းမြည်လာသည်။ မောင် အိပ်ချင်မူးတူး အသံဖြင့် “ ဟလို”။ တစ်ဖက်က တုန့်ပြန်သံကို မကြားရ...
မောင်း ဘယ်သူလဲ?
မး မ”ကို စိတ်ကုန်နေပြီလားဟင် ?
မောင်း အမ်.. ဘာပြောလိုက်တယ်?
မး ..............
မောင်း ဘာဖြစ်တာလဲ မရယ် ?
မး မ”ကို သိပ်ရှုပ်တာပဲလို့ မောင်ထင်နေပြီ မဟုတ်လား?
မောင်း မထင်ပါဘူး မရယ်။ ဘာဖြစ်လို့လဲ?
မး ...................
မောင်း မ” စိတ်ထဲမှာ ဘာဖြစ်နေလဲ? မ” မပြောရင် မောင် ဘယ်သိမလဲ?
မး စကားပြောရင်း ပြောရင်း မောင်ဘာဖြစ်လို့ သမ်းနေတာလဲ။ ပြီးတော့ ဘာဖြစ်လို့ အရင်အိပ်လိုက်တာလဲ?
မောင်း ဟင်.. မ” ပဲ မောင့်ကို စောစောအိပ်ဆို !
မး မောင်ပဲ အိပ်ချင်ပြီဆို.. မ” ဘာလုပ်ရမလဲ ?
မောင်း မောင်နဲ့စကား ဆက်ပြောချင်သေးတယ်ဆိုရင် ပြောပေါ့ မ” ရယ်။ စောစောအိပ်ခိုင်းပြီး ခုတော့ စိတ်ကောက်နေပြီ !
မး ဘယ်သူ စိတ်ကောက်နေလို့လဲ
မောင်း ဒါလား စိတ်မကောက်တဲ့ လေသံ.. အိုကေ.. အိုကေ နောက်ဆို မောင်မအိပ်တော့ဘူး။ ကောင်းပြီလား?
မး အဓိပ္ပါယ်မရှိလိုက်တာ.. မောင်စိတ်လိုလက်ရနဲ့ ပြောတာပဲလိုချင်တယ်။ မ” စိတ်ကောက်မှာစိုးလို့ လိုက်လျှောတယ်ဆိုတာမျိုး မလိုချင်ဘူး..
နောက်ဆုံး မ”ကို နာရီဝက်ကြာ ချော့လိုက်ရသည်။ မအိပ်ခင် စိတ်ကတောက်ကဆတ် ဖြစ်ခဲ့ရသည့်အတွက် တော်ရုံနှင့် အိပ်မပျော်ပြန်။ အင်း.. ကံမကောင်းရင်
မနက်လည်း ရှစ်ခေါက်ချိုး မျက်နှာကို မြင်ရဦးမယ်..
မ” စိတ်ကို နားလည်သော ဥပမာ
မ” နဲ့ မောင် စကားပြောကောင်းနေတုန်း မောင် သမ်းဝေမိတယ်။
မး မောင် အိပ်ချင်ပြီလားဟင်?
မောင်း အင်း.. ဒီနေ့ ပင်ပန်းလာလို့ အိပ်တော့ အိပ်ချင်ပြီ။ ဒါပေမယ့် ရပါတယ် မ” ဆက်ပြောလေ မောင်နားထောင်နေတယ်။
မး အင်း... မောင် ပင်ပန်းလာပြီပဲ မောင် အရင်အိပ်လိုက်ပါ
မောင်း အင်း.. အလုပ်တွေရှုပ်နေလို့ ဒီနေ့ နေ့လယ်မနားလိုက်ရဘူး။ မနက်ဖြန် မနက်အစောကြီး မ”ဆီ မောင်ဖုန်းဆက်လိုက်မယ်လေ။ မနက်ဖြန်မှ ဆက်ပြောကြတာပေါ့ မကောင်းဘူးလား?
မး အင်း... မောင် ပင်ပန်းနေပြီ။ ဒါဆို အိပ်တော့လေ မောင်
မောင်း မ” ကော ဘယ်တော့ အိပ်မှာလဲ?
မး မသိသေးဘူး။ တအောင့်နေရင်တော့ အိပ်မှာပါ။
မောင်း အင်း... ညဥ့်သိပ်မနက်စေနဲ့နော် မ။ ကျန်းမာရေး ထိခိုက်တတ်တယ်။ မ” ကို မောင် စိတ်ပူတယ်။
မး အင်းပါ... မောင်ရယ်
မောင်း မ”ကို အရမ်းချစ်တယ်
မး မ” လည်းချစ်တယ်။ ကောင်းကောင်းအိပ်နော်။
မောင်း ဟုတ်ကဲ့ မ”
မ” ဖုန်းချလိုက်သည်။ မနက်ဖြန်မနက် မ”ဆီမှ morning call ရှိကောင်းရှိနိုင်သည်။ မောင် အိပ်မက်လှလှ မက်နေပြီ...

No comments:
Post a Comment