Monday, June 22, 2009

ဖျာပုံမြို့ကိုလာမယ်ဆိုရင်

ဖျာပုံမြို့ ကိုလာမယ်ဆိုရင်တော့ ဒါလေးဖတ်လိုက်ပါ။ ကုန်းလမ်း ခရီးဖြစ်ပါသည်။

ဖျာပုံ / ဒလ လကားလမ်း ၅၉ မိုင်ကွာဝေးပြီး ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ ကောမှူးမြို့နယ်များအားဖြတ်သန်းသွားရပါသည်။

ဖျာပုံ / ရန်ကုန် ကားလမ်း ၈၅ မိုင်ကွာဝေးပြီး ကျိုက်လတ်၊ မအူပင်၊ ဆားမလောက်၊ လှိုင်သာယာမြို့နယ်များအားဖြတ် သန်းသွားရပါသည်။

ဖျာပုံမြို့မှ သွားရောက်နိုင်သော မြို့ နှင့် ရွာများ

ဖျာပုံ / ကျိုက်လတ်မြို့ ၁၁ မိုင် ကွာဝေးပါသည်။
ဖျာပုံ / ဘိုကလေးမြို့ ၂၀ မိုင် ကွာဝေးပါသည်။
ဖျာပုံ / ဒေးဒရဲမြို့ ၁၆ မိုင် ၃ ဖာလုံ ကွာဝေးပါသည်။
ဖျာပုံ / ကျုံကဒွန်းကျေးရွာ ၁၅ မိုင် ၉ ဖာလုံ ကွာဝေးပါသည်။
ဖျာပုံ / ဆိပ်မကျေးရွာ ၃၅ မိုင် ကွာဝေးပါသည်။

ဖျာပုံ / ဒလ ကားလမ်း
၅၉ မိုင်ကွာဝေး၍ ကိုယ်ပိုင်ယာဉ်ဖြင့်သွားလာပါက (၂း၃၀)နာရီခန့်ကြာမြင့်ကာ ခရီးသည်ယာဉ်ဖြင့်သွားလာပါက (၄)နာရီခန့်ကြာမြင့်မည်ဖြစ်ပါတယ်။ လမ်းအမျိုးအစားကတော့ ကတ္တရာလမ်းဖြစ်ပြီးအကျယ် (၁၅)ပေ ခန့်ကျယ်ပါတယ် ဖျာပုံတံတား နှင့် ဒေးဒရဲ တံတား နှစ်စင်းအားဖြတ်သန်းသွားရမှာဖြစ်ပါတယ်။ ခရီးသည်ယာဉ်နှစ်မျိုးရှိပါတယ် (ကက)ခရီး သည်ယာဉ် နှင့် (ဘီအမ်-မီနီဘက်(စ်)ကား) လိုင်းတို့မှ နေစဉ် မနက် (၅း၃၀)မှ ညနေ (၅)နာရီအထိ နေစဉ်ပြေးဆွဲလျှက် ရှိပါသည်။

ဖျာပုံ / ရန်ကုန် ကားလမ်း
၈၅ မိုင်ကွာဝေး၍ ကိုယ်ပိုင်ယာဉ်ဖြင့်သွားလာပါက(၃း၃၀)နာရီခန့်ကြာမြင့်ပြီး ခရီးသည်ယာဉ်သွားပါက(၄း၃၀)ခန့် ကြာမြင့်ပါသည်။ လမ်းအမျိုးအစားမှာ ကတ္တရာလမ်းဖြစ်ပြီး အကျယ်မှာ(၁၈)ခန့်ကျယ်ပါသည်။ရန်ကုန်မြို့ လှိုင်သာယာ အဝေးပြေးကားကွင်း မှ သမာဓိ မော်တော်ယာဉ်ကားဂိတ်မှ သမာဓီ နံမည်ဖြင့် (အိပ်စပရက်(စ်) )လေအိပ်ကားကြီးများဖြင့် နေစဉ် နံနက်(၅း၃၀) မှညနေ(၄း၀၀) အထိပုံမှန်ပြေးဆွဲလျှက်ရှိပါသည်။

ဖျာပုံ / ကျိုက်လတ် ကားလမ်း
၁၁ မိုင်ကွာဝေး၍ ကိုယ်ပိုင်ယာဉ်ဖြင့်သွားပါက (၃၀)မိနစ်သာကြာပါသည်။လမ်းအမျိုးအစားမှာ ကတ္တရာလမ်းဖြစ် ပြီးအကျယ် (၁၈)ပေခန့်ရှိပါသည်။ ဖျာပုံ အဝေးပြေးဝန်းမှ နေစဉ်(ဒိုင်နာ) ကားများဖြင့်ခရီးသည်များအားပိုဆောင်ပေး လျှက်ရှိပါသည်။

ဖျာပုံ / ဘိုကလေး ကားလမ်း
၂၀ မိုင်ကွာသေး၍ ကိုယ်ပိုင်ယာဉ်ဖြင့်သွားပါက(၁း၃၀)နာရီခန့်ကြာမြင့်ပြီး ခရီးသည်ယာဉ်ဖြင့်သွာပါက(၂း၃၀) နာရီခန့်ကြာပါသည်။ လမ်းအမျိုးအစားမှာ ကျောက်ခင်းလမ်းဖြစ်ပြီး လမ်းအကျယ်(၁၅)ပေခန့်ကျယ်ပါသည်။ ဖျာပုံ အဝေး၀န်းမှ နေစဉ်ခရီးသည်များအား (ဒိုင်နာ)နှင့်(မီနီဘတ်)ကားများဖြင့်ပိုဆောင်ပေးလျှက်ရှိပါသည်။

ဖျာပုံ / ဒေးဒရဲ ကားလမ်း
၁၈ မိုင် ၃ ဖာလုံကွာဝေး၍ ကိုယ်ပိုင်ယာဉ်ဖြင့်သွားပါက(၄၅)မိနစ်ခန့်ကြာပြီး ခရီးသည်ယာဉ်ဖြင့်သွားပါက (၁)နာရီခန့်ကြာပါသည်။လမ်းအအမျိုးအစားမှာ ကတ္တရာလမ်းအမျိုးအစားဖြစ်ပြီး နေစဉ် (ကက+ဂျစ်ကား)ကား များဖြင့်ခရီးသည်များအားပိုဆောင်ပေးလျှက်ရှိပါသည်။

ဖျာပုံ / ကျုံကဒွန်း ကားလမ်း
၁၅ မိုင် ၃ ဖာလုံကွာဝေး၍ ကိုယ်ပ်ုင်ယာဉ်ဖြင့်သွားပါက(၄၅)မီနစ်ခန့်ကြာမြင့်ပြီး ခရီးသည်ယာဉ်ဖြင့်သွားပါက (၁း၃၀)ခန့်ကြာမြင့်ပါသည်။ လမ်းအမျိုးအစားမှာ ကတ္တရာနှင့်ကျောက်ခင်းလမ်းမျိုးဖြစ်ပါသည်။ဖျာပုံ (၁၈)ရပ်ကွက် ကားဂိတ်မှ နေစဉ်နံနက် (၅း၀၀)နာရီမှ (၃း၀၀)နာရီအထိ (ဂျစ်ကား+ဒိုင်နာ)ကားများဖြင့်ခရီးသည်များအားပိုဆောင် ပေးလျှက်ရှိပါသည်။

ဒါကတော့ ရေးလမ်း ခရီးဖြစ်ပါတယ်။


ဖျာပုံ / ရန်ကုန် ခရီးစဉ်


၆၄ မိုင်ကွားဝေး၍ နံနက် (၁၁း၀၀)နာရီနှင့် ည(၇း၀၀)နာရီချိန်တို့တွင် ရေကြောင်းပိုဆောင်ရေးဌာနပိုင် ၃ထပ်သင်္ဘော (၂)စီးဖြင့် ကုန်များနှင့်ခရီးသည်များပါပိုဆောင်ပေးလျှက်ရှိပါသည်။ သင်္ဘောအထက်တန်းအခန်း များတွင် (air-con)များတပ်ဆင်ထားပြီး (၂)ယောက်အိပ်ခန်းများ ဖြစ်ပါတယ်။သင်္ဘောစီးချိန်ဟာ (၉း၀၀)ခန့်ကြာ ပါတယ်။ ပုဂ္ဂလိက ပိုင်သင်္ဘော တနေလျှင်(၂)စီးဖြင့်လည်း ဆန်နှင့်အခြားကုန်ပစ္စည်းများ၊ခရီးသည်များအား ပိုဆောင် ပေးလျှက်ရှိပါတယ်။


ဖျာပုံ / ပုသိမ် ခရီးစဉ်


၁၅၇ မိုင်ကွာဝေး၍ ပုဂ္ဂလိက ပိုင်သင်္ဘော (၆)စီးဖြင့် တနေ့လျှင်(၁)စီးနှုန်းပြေးဆွဲလျှက်ရှိပြီး အခြားကုန်ပစ္စည်း များနှင့် ခရီးသည်များအားပိုဆောင်ပေးလျှက်ရှိပါတယ်။ သင်္ဘောစီးချိန် ကတော့ (၂၄)နာရီကြာမြင့်ပါတယ်။





No comments: