Friday, June 19, 2009

သမိုင်းဝင် လိပ်အူကုန်း ကျိုက္ကမျွမ် စေတီတော်ကြီး

ဖျာပုံမြို့၏ အထင်ကရ သမိုင်းဝင် လိပ်အူကုန်း ကျိုက္ကမျွမ် စေတီတော်ကြီးပါ။
မွန်မိဘုရားကြီး တလပရော်တမီ တည်ခဲ့ပါသည်။


ဘုရားသမိုင်းအကျဉ်းမှာ.........

တောင်ငူဘုရင်တပင်ရွှေထီးမှ ဟံသာဝတီအားတိုက်ခိုက်ခဲ့ရာဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိ၏ မိဘုရားကြီးတလပရော်တမီသည်
ဖျာပုံဒေသသို့ထွက်ပြေးတိမ်းရှောင်ခဲ့စဉ် ဖျာပုံဒေသ၌ယာယီနန်းဆောက်လုပ်၍ လူသူလက် နက်၊ ရိက္ခာများစုဆောင်းခဲ့စဉ် မြန်မာသက္ကရာဇ်(၉၀၀)ပြည်နှစ်၊ တန်ခူးလတွင် ကျိုက္ကမျွမ်စေတီတော်အား စတင် တည်ထားကိုးကွယ်ခဲ့ကြောင်း
စေတီတော်ကြီး၏ ဌာပနာတိုက်တွင် မိဘုရားကြီးကိုးကွယ်သည့်ဓါတ်တော်များ၊
မင်းမှူထမ်းများ၏ နားဍောင်း၊ ဆံထိုး၊ ဘယက် စသည်ရတနာများထည်သွင်းတည်ထားခဲ့ပါသည်။ စေတီတော်တည်ထားပြီး ဘွဲတော်ကဗျည်းတင်ခဲ့ရာတွင် မွန်ဘာသာဖြင့် (ကျိုက္ကမျွမ်) မြန်မာဘာသာအားဖြင် (သက်လွက်ချမ်းသာ) စေတီဟုခေါ်ဝေါ်သတ်မှတ်ခဲ့ပါသည်။ ဖျာပုံမြို့ (၁၈)ရပ်ကွက်တွင် တည်ရှိပါသည်။့

No comments: